စာစဉ် ၁၅ ( ၉ + ၁၀ )
10.4K 1.1K 15
Book.              :   15
Chapter.          :  9 + 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၅၊ အခန်း ၉။ ထပ်ပြီးနောက်ကျအောင် အလုပ်လုပ်ဦးမှာလား
နောက်တစ်နေ့မနက်။
စီရီဟန် ပြန်သွားသည်နှင့်၊ ရီဝမ်ဝမ်၊
ရွှီရီထံ ဖုန်းခေါ်လိုက်တော့၏ ။
“ဟယ်လို၊ သခင်မလေး ၀မ်ဝမ်”
မနက်စောစောစီးစီးကြီး ရီဝမ်ဝမ် ဖုန်းခေါ်လာခြင်းတည်းမို့
ရွှီရီ၊ အနည်းငယ် အထူးတဆန်းဖြစ်သွားတော့၏။
“အခုရက်ပိုင်း ရှင့်သခင်လေးကျန်းမာရေး ဘယ်လိုရှိလဲ”
ရီဝမ်ဝမ်၊ တည့်တည့်ပင် မေးလိုက်သည်။
“ဒါက…” 
ဒီမေးခွန်းကို မေးလာရသည့်ရည်ရွယ်ချက်အား ၊
ရွှီရီ၊ နားမလည်နိုင်ဖြစ်မိနေလျက်။
အဖြေဖြေဖို့ရာ တုံ့ဆိုင်းဆိုင်းလုပ်လို့နေသည်။
“တကယ် အခြေအနေဆိုးနေတာလား”
ရီဝမ်ဝမ်၊ မျက်မှောင်ကြုတ်မေးလာချေပြီ။
ရွှီရီ၊ ဘယ်လိုပြောရမလဲဆိုသည်ကို သေသေချာချာ ချင့်ချိန်လိုက်ပြီး။
“တကယ်တော့ အခြေအနေအကောင်းကြီး မဟုတ်ပါဘူး… သခင်လေး ၉ က ငယ်ငယ်တုန်းက သူ့ကိုယ်သူ အနာတရဖြစ်အောင် လုပ်ထားခဲ့ တယ်။ ပြီးတော့ အခုတစ်ချိန်လုံးလုံး သူ့ရဲ့အဖျားရောဂါကနေ ပြန်ကောင်းမလာသေးပါဘူးခင်ဗျာ။ ဒါ့အပြင်ကိုမှ သူ့ရဲ့အိပ်မပျော်နိုင်တဲ့ ရောဂါဆိုးကြီးကလည်း သူ့ရဲ့အခြေအနေကို ပိုပြီးတော့ ဆိုးလာစေနေ တယ်။ အရင်တုန်းက အံ့ဖွယ်တဆူလို့ခေါ်လို့ရတဲ့ ဒေါက်တာစုန့်က သခင်လေးကို ကြည့်ပေးခဲ့ပြီးတော့ ပြောခဲ့တာက သေချာနေပြီတဲ့….”
“ဘာသေချာတာလဲ”
“သခင်လေး ၉ သာ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် သူ့ရဲ့ကိုယ်က ခံနိုင်တော့မှာ မဟုတ်ဘူးတဲ့…” နောက်ဆုံးတွင်တော့ ရွှီရီ၊ အမှန်အတိုင်းပင် ပြောဖို့ရာ ဆုံးဖြတ်တော့လိုက်လေသည်ပင်။
ရီဝမ်ဝမ်က စီရီဟန်ရဲ့ဘေးမှာ နှစ်နှစ်ကျော်ကြာအောင် နေလာခဲ့တာပဲကို။ သူမ ဒါတွေအားလုံးကို သိထားသင့်နေပြီ။ ဒါပေမယ့်၊ သူမက သခင်လေး ၉ ကို နည်းနည်းလေးမှ ဂရုမစိုက်ဘဲ သူ သေဖို့ကို စောင့်နေတာများ…..။