စာစဉ် ၁၅ ( ၁၃ + ၁၄ )
10K 1.2K 9
Book.              :   15
Chapter.          :  13 + 14
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၅၊ အခန်း ၁၃။ မျက်လုံးပိတ်ပြီး အိပ်တော့
ရီဝမ်ဝမ်၊ အရမ်းဒေါသထွက်သွားရတော့ပြီ….
သူကတော့ ငါ့ရာသီလာချိန် မဟုတ်သေးဘဲနဲ့ကို ရာသီလာတယ် လာလုပ်နေတယ် !
မေ့လိုက်တော့၊ မေ့လိုက်တော့၊ ငါ သူ့လောက်ထိ ဥာဏ်ရည်လိုက်နိမ့်မပေးနိုင်တော့ဘူး။
ဒီလူကတော့ လူသားမျိုးနွယ်က မဟုတ်သလိုမျိုး ဖြစ်နေခဲ့တာ။ ဒါနဲ့တောင်မှ မိန်းကလေးတွေ ဓမ္မတာရက်မှာ သွေးဆူဒေါသထွက်လွယ် တယ်ဆိုတာကို သိနေတယ်ဆိုတော့ အထင်ကြီးစရာကြီးပါလား။
ရီဝမ်ဝမ်၊ သူမကိုယ်သူမ စိတ်တည်ငြိမ်သွားစေဖို့ရာ အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်တော့သည်။ သူမ ထပ်အချိန်ဖြုန်းမခံလိုတော့။ မျက်နှာကို ရှုတည်တည်ခပ်တင်းတင်း ထားလိုက်တော့ကာ၊ စီရီဟန်ရဲ့ခေါင်းအား သူမရင်ခွင်ထဲသို့ ဖိထည့်ချလိုက်တော့၏။
“တစ်နာရီကျော်ကျော် သွားရဦးမှာ - ရှင် အိပ်သင့်တယ်”
ဒီလူ၊ မနက် ၆ နာရီိထဲက ထွက်သွားတာ။ အခုဆို ည ၁၀ နာရီ ရှိနေပြီ။ ဒီကြားထဲ ထမင်းတစ်နပ်မှ စားမထားဘူး။ ၁၆ နာရီလုံးလုံး မရပ်တမ်းကို အလုပ်လုပ်နေတာပဲ။ သူ့ရဲ့ခန္ဓာကိုယ်က ကြံ့ခိုင်တယ်ဆိုရင် အကြောင်း မဟုတ်ဘူး။ အခုက ကိုယ်တွယ်နိုင်တာတောင် မဟုတ်ဘဲနဲ့။
သူ၊ သူ့ကိုယ်သူ လူမဟုတ်ဘူးလို့များ တွေးထားသလား။
စီရီဟန်၊ သူမ၏နူးညံ့သည့်ခြေတံလေးတွေပေါ် လှဲချလိုက်ပါတော့၏။ အံ့အားသင့်သည့် သံသယအကြည့်တစ်ချက်သည်ကား သူ့အေးစက် သည့်မျက်နှာပေါ် ဖြတ်ပြေးနေလေဟန်ပေါ်လျက်။
ချက်ချင်းပင်၊ ရီဝမ်ဝမ်၊ သူ့အား ကြည့်လိုက်တော့၏။
“မျက်လုံးပိတ်ပြီး အိပ်တော့”
သူကား အတော်လေးပင် ပင်ပန်းနွမ်းနယ်နေဟန်ပေါ်သည်။ ရီဝမ်ဝမ်၏စကားတို့သည် လက်နက်တစ်ခုဖြစ်နေသည့်အလားနှယ် ။ စီရီဟန်ရဲ့မျက်လုံးထဲတွင် သိချင်စိတ်ဝင်စားလာသည့်အကြည့်တစ်ခု ရုပ်လုံးကြွမလာမိခင်၊ သူ့ရဲ့ဆန်းကြယ်လှသည့်မျက်လုံးတို့မှာ သူ့မျက်ခွံများ၏တားဆီးခြင်းကို ခံလိုက်ရတော့ပေပြီ….