စာစဉ် ၁၅ ( ၁၅ + ၁၆ )
9.9K 1.1K 8
Book.              :   15
Chapter.          :  15 + 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၅၊ အခန်း ၁၅။ မင်းရဲ့တစ်ခုတည်းသောအခွင့်အရေး
ရီဝမ်ဝမ်၏အကြည့်သည် သူ့အပေါ်တွင်သာ ကျရောက်လို့နေ
ချေ၏။ သူ့အား သူမအကြည့်တို့မှ ရှောင်ထွက်ခွင့်မပြုပေးရင်း။
“နားလည်လား”
သူမ၏တတိယစကားအခွန်းသည် ဘာကို ဆိုလိုသည်ကို
စဉ်းစားလို့နေဆဲဖြစ်သည့် လျိုချန်း။ သို့သော်၊ သူမ ပြောသည်ကို ကြားလိုက်သည်နှင့် ခေါင်းညိတ်ပြလာပါ၏။
ရီဝမ်ဝမ်၊ စိတ်ကေနပ်အားရခြင်း မရှိနေ ။
“ပါးစပ်နဲ့ပြော”
မြန်မြန်သွက်သွက်ပင် စကားပြန်လာပါသည့် လျိုချန်း။
“နားလည်ပါတယ်”
ဒီတော့မှ ရီဝမ်ဝမ်၏အမူအရာမှာ နူးညံ့လာတော့လေသည်။
“ငါသာ မင်းကို တကယ်ကြီး လုပ်ချင်နေတယ်ဆိုရင် ဟိုးအစောကြီး ကတည်းက လုပ်ပြီးနေပြီပေါ့ - ဘာလို့များ အခုချိန်ထိ စောင့်နေရမှာလဲ။ ငါ မင်းကို ကြည့်တဲ့နေရာက မင်းရဲ့တန်ဖိုးအစစ်ကိုပဲ”
“မန်နေဂျာတွေတော်တော်များများက လှည့်စားတတ်ကြတယ် ဆိုတာကို ငါ သိတယ် - သူတို့တွေက သူုတို့လက်အောက်ကသရုပ်ဆောင်တွေနဲ့ ကျိတ်ကျံထားတာတွေ ရှိနေရုံတင်မဟုတ်ဘူး၊ သူတို့ရဲ့သရုပ်ဆောင်တွေ ကို အရက်မူးအောင်တိုက်ပြီး သူုတို့နဲ့ အိပ်အောင်တောင်လုပ်ကြတယ် ဆိုတာ ငါ သိတယ်”
“အနုပညာလောကမှာရှိနေကြတဲ့ ဒီလိုအကျင့်တွေကြောင့်မို့၊ သရုပ်ဆောင်ကို တကယ်စွဲလမ်းတဲ့၊ လမ်းမှန်ကို လျှောက်ချင်ကြတဲ့ အဲဒီသရုပ်ဆောင်တွေဟာ တခြားသူတွေရဲ့မျက်လုံးထဲမှာ အရူးတွေ ဖြစ်လာကြရတာ”
“ဒါပေမယ့်၊ ငါ အာမခံပေးနိုင်တာက ငါ မင်းကို အဲဒီလိုအရာမျိုးတွေကို ဘယ်တော့မှ အတင်းလုပ်ခိုင်းမှာမဟုတ်ဘူး။ မင်းရဲ့ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ ငါ မင်းနဲ့အတူ ရှိနေပေးမယ်။ မင်း အာရုံစိုက်ထားရ မယ့်အရာက တစ်ခုထဲပဲ -- ကောင်းကောင်းသရုပ်ဆောင်ဖို့”