စာစဉ် ၁၅ ( ၁၇ + ၁၈ )
9.6K 1.2K 30
Book.              :   15
Chapter.          :  17 + 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၅၊ အခန်း ၁၇။ ရှင့်ကို သွားခွင့်မပြုဘူး
ရီဝမ်ဝမ်၊ နေ့တစ်ဝက်နီးပါးလောက်ကြာအောင် ရေခဲကန်ထဲ ၀င်စိမ်နေ ခဲ့ပြီး၊ နောက်တွင်မှ သူမ တဆတ်ဆတ်တုန်ခိုက်လျက် ရေထဲကနေ ထွက်လာခြင်း ဖြစ်ပါ၏။
သူမသည် ပြန်မွေးဖွားလာပြီဆိုကတည်းက ဒီလိုနှိပ်စက်မှုမျိုးအား ဘယ်တုန်းကမှ မဖြတ်သန်းခဲ့စဖူးပါချေ။ သူမ၏ကျန်းမာရေးနှင့် ဖက်တုကာ အရဲစွန့်ကစားလိုက်ခြင်းပင် ဖြစ်ချေသည်….
ဧည့်ခန်းထဲသို့ ပြန်လာပြီးသည့်နောက်၊ ရီဝမ်ဝမ်၊ ပြီးခဲ့သည့်ရက် အနည်းငယ်က ကြိုတင်ပြင်ဆင်ထားခဲ့ပါသည့် အရာအားလုံးကို ထုတ်ပိုးလိုက်တော့ပြီး ခရီးဆောင်အိတ်ကြီး တစ်ခုထဲသို့ စုပြုံထည့်လိုက်တော့သည်။ ဒီနောက်၊ ထိုဟာအား ယူဆောင်ကာ ကျင်းဥယျာဉ်ဆီသို့ ပြန်သွားလိုက်တော့သည်။
သူမ ကျင်းဥယျာဉ်သို့ ပြန်ရန် တက္ကစီတားသည့်အချိန်တွင်ပင်၊ ညဥ့်နက်နှင့်နေချေပြီ။
ရီဝမ်ဝမ်၊ သူမလက်ထဲက ခရီးဆောင်အိတ်အား အစေခံတစ်ယောက်ကို အပေါ်ထပ်သို့ ယူဆောင်သွားစေလိုက်ပြီး ၊ နောက် ခါတိုင်းမေးခွန်းအား မေးလိုက်တော့သည်ကား။  “သခင်လေး ၉ ပြန်ရောက်နေပြီလား”
“သခင်မလေး ၀မ်ဝမ်၊ သခင်လေး ပြန်မရောက်သေးပါဘူး”
အစေခံ ပြန်ဖြေလာပါ၏။
ရီဝမ်ဝမ်၊ ဒါကို ကြားလိုက်သည်နှင့် သူမမျက်ခုံးတို့
တင်းတင်းကျပ်ကျပ် တွန့်ကွေးသွားတော့ချေပြီ။
ဒီပရောဂျက်အတွက် စီရီဟန်သည် သုံးနှစ်သုံးမိုးနီးနီး မရပ်မနားတမ်း အလုပ်လုပ်ခဲ့သည်တည်းဖြစ်၏။ အခုတလောသည်ကား အရေးအကြီး ဆုံးအပိုင်းကို ရောက်နေလေပြီဖြစ်သည်မို့ သူသည် နေ့တိုင်းပင် အချိန်ပို ဆင်းအလုပ်လုပ်တော့သည်။ အိပ်ချိန်ကား ၃ နာရီပင် မရှိတော့။
ဤသည်မှာ ရီဝမ်ဝမ်၏ သူ့အား အနီးကပ်မျက်စိဒေါက်ထောက်ကြည့်လို့ နေကာ သူမ အခွင့်အရေးတစ်ခုတွေ့လိုက်တိုင်း သူ့အား အတင်းအကျပ် အိပ်စက်စေခြင်းကြောင့်မို့သာလျှင် ဖြစ်ချေ၏။