စာစဉ် ၁၅ ( ၂၁ + ၂၂ )
9.8K 1.1K 17
Book.              :   15
Chapter.          :  21 + 22
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၅၊ အခန်း ၂၁။ ပြင်းထန်သောအန္တရာယ်
စီ မိသားစု၏အိမ်တော်ကြီးတွင်။
နောက်ဆုံးထွက် Chanel တံဆိပ်ပါအကျီင်္ကို ၀တ်ဆင်ထားပါသည့် မိန်းမကြီးသည်၊ ဆိုဖာပေါ်တွင် ထိုင်ရင်း အဘွားအတွက် လက်ဖက်ရည် ငှဲ့ပေးနေသည်။ သူမ စဉ်းစားတွေးဆစွာဖြင့် ရိုးရိုးကျိုးကျိုး ပြောလာ၏။
“ဘွားဘွား၊ မောင်လေး ၉ ကလည်း အချိန်တခနတော့ အိမ်မှာ ရှိနေဦး မှာမဟုတ်ဘူးဆိုတော့ ဘွားဘွား တစ်ယောက်ထဲ ဖြစ်နေမှာစိုးတာနဲ့ ချင်းယွီ ၊ ဘွားဘွားကို အဖော်ပြုပေးဖို့ လာခဲ့တာပါ”
အဘွားအိုသည်ကား ၊ သူမလက်ထဲတွင် ပုတီးကုံးကို ကိုင်ထား
လျက်၊ အမူအရာပြောင်းလဲခြင်းမရှိဘဲ ခေါင်းညိတ်ပြလာ၏။
“အင်း၊ မင်းက အရမ်းကို တွေးပေးတတ်သားပဲ။ ဒါပေမယ့် ဘွားဘွားနဲ့ လာနေပေးဖို့ မလိုအပ်ပါဘူးကွယ်။ ကိုယ့်ကိုယ်သာ ဂရုစိုက်ပါ”
မိန်းမကြီးသည် ချက်ချင်းပင် သူမ ပြောလိုက်သည်အား သဘောတ
ူလာသည်။ “ဘွားဘွား ပြောတာ မှန်တယ်။ တကယ်တော့၊ ဘွားဘွားနဲ့ အချိန်ကုန်ဆုံးပေးဖို့ဆိုတာက ကျွန်မ လုပ်ဖို့ အရည်အချင်းပြည့်တဲ့အရာ မဟုတ်ပါဘူး၊ ဒါပေမယ့်…..”
မိန်းမကြီးသည် ရည်ရွယ်ချက်ရှိရှိ စကားစရပ်လိုက်တော့ကာ၊ အဘွား အား တစ်ချက်ကြည့်လိုက်လေပြီး ၊ နောက်တွင်မှ စကားဆက်လာ၏။
“ကျွန်မ ကြားမိတာက….အဲဒီမိန်းမကလည်း မောင်လေး ၉ နဲ့အတူ ပါသွားတယ်။ ရူရှီကလည်း ကုမ္ပဏီမှာ သူမတစ်ယောက်ထဲ အလုပ်တွေ အားလုံးကို ကွပ်ကဲကျန်ခဲ့ရဦးမှာ။ သူမမှာက အလုပ်ထဲမှာပဲ ရှိနေရမှာ ဆိုတော့ ကျွန်မ တမင်ကို ဘွားဘွားဆီကို အလည်လာပေးတာပါ။ ဘွားဘွား ဘယ်လိုမှ သဘောမထားပါဘူးနော်”
အဘွားအိုသည် ထိုစကားအား ကြားလိုက်သည့်အခိုက်၊
သူမလက်တို့ ပုတီးစိပ်နေခြင်းအား ရပ်တန့်မိတော့ချေပြီ။
“၀မ်ဝမ်ပါ ၉ လေးနဲ့အတူတူ တိုင်းပြည် B ကို လိုက်သွားတယ်လို့ ပြောလိုက်တာလား”