စာစဉ် ၁၆ ( ၁ + ၂ )
9.6K 1.1K 12
Book.              :   16
Chapter.          :  1+ 2
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၆၊ အခန်း ၁။ နိမိတ်ဖတ် နတ်ဘုရား
ရီဝမ်ဝမ်၊ လျှောက်ပတ်ကြည့်နေရင်း၊
အနီးအနားတွင် ကမ်းခြေတစ်ခုရှိနေကြောင်း တွေ့ရှိသွားတော့ရာ၊ သူမလေး စိတ်တို့ကို ဖြေဖျောက်ဖို့အတွက် အပန်းဖြေလျှောက်သွား လိုက်တော့လေပြီ။
သဲသောင်ပြင်အနီးတွင် ကြီးမားသည့်ကျောက်ဆောင်ကြီးတစ်ခု ရှိနေ၏။ ရီဝမ်ဝမ်၊ ကျောက်ဆောင်ထိပ်ပေါ်တွင် ထိုင်ချလိုက်တော့ပြီး သူမဒူးတို့ ကို ပွေ့ဖက်ထားလျက်၊ သူမအရှေ့ဘက်ဆီမှ ရေလှိုင်းလုံးကြီးတွေ ဝေါခနဲဝေါခနဲ ရောက်လာကြသည်တို့ကို ကြည့်လို့နေလေသည်။
ရုတ်တရက်၊ ဝေခွဲမရမှုတစ်ခု ရှိလာသည်….
သူမလေး ပြန်မွေးဖွားလာပြီးသည့်နောက်၊
သူမလေးသည် စီရီဟန်အား ချော့မြှူပေးပြီး၊ နောက်တွင် သူမ၏လွတ်လပ်မှုကို ပြန်ရှာကာ သူမ ပိုင်သည့်ဘ၀တစ်ခုကို ဦးဆောင်ဖို့တည်း ဖြစ်၏။
သို့သော်၊ ယခုတွင်တော့၊ မသိလိုက်မသိမိချေဘဲ သူမလေး၏ဘ၀သည် ထိုလူသားကြီးနှင့် ပိုပိုပြီး ပတ်သက်ဆက်နွယ်လာနေမိချေပြီ။ အနာဂတ်တွင် ဘာတွေဖြစ်လာမည်လဲဆိုသည်ကိုပင် သူမလေးအနေဖြင့် မပြောနိုင်စွမ်းတော့ပေပြီ။
ရီဝမ်ဝမ်၊ သူမ၏ဒူးတို့အား ဖက်ထားရင်း၊
ထိုနေရာတွင် ထိုင်နေရင်းကပင်
မသိလိုက်မိဘဲ အိပ်ပျော်သွားချေ၏။
သိပ်မဝေးသည့်နေရာဆီက၊ အမှောင်ထဲကနေ ရီဝမ်ဝမ်အား စောင့်ကြည့်လို့နေပါသည့် အမျိုးသမီးကိုယ်ရံတော်တစ်ယောက်၏
ဖုန်း ရုတ်တရက် မြည်လာသည်။ ချက်ချင်းဆိုသလိုပင်၊
သူမ တာဝန်ကျေပွန်စွာဖြင့် သူမလေး ဘယ်ရောက်နေပါသည့် အကြောင်းကို သံတော်ဦးတင်လေ၏။
များမကြာခင်မီ၊ အရပ်ရှည်ရှည်မောင်းမောင်းပုံရိပ်တစ်ခု၊ ကျောက်ဆောင်ဘက်ဆီ လျှောက်လာချေပြီး၊ ဒူးကွေးချလိုက်ကာ မိန်းကလေးအား ပွေ့ချီလိုက်တော့ချိန် ။