စာစဉ် ၁၆ ( ၃ + ၄ )
9.5K 1.1K 10
Book.              :   16
Chapter.          :  3 + 4
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၆၊ အခန်း ၃။ ပွေ့ဖက်ခြင်း
မနက်စာစားပြီးသည့်နောက်၊ လူတိုင်း ပြင်ဆင်ကြတော့ပြီး သူတို့ခရီးဆက်ဖို့ရာ အဆင်သင့်ဖြစ်သွားကြချေပြီ။
မျက်တောင်တစ်မှတ်အတွင်းမှာပင် နှစ်ရက်တာသည် ကုန်လွန်လာ ခဲ့ရပြီ။ အရာရာတိုင်းသည် ငြိမ်းချမ်းလို့နေကာ၊ ဘာမှ ဖြစ်ပျက်ခဲ့ခြင်း မရှိခဲ့။
ဒီအကြိမ်တွင်ကား၊ အဖွဲ့နှစ်ဖွဲ့ ပါလာကြခြင်းတည်း -- တစ်ဖွဲ့သည် လျိုယင် ဦးဆောင်သည့် အလင်းဘက်ခြမ်းတွင် ရှိနေခြင်း ဖြစ်ပြီး၊ တစ်ဖွဲ့သည်ကား အမှောင်ထဲကနေ ပုန်းလျိုးကွယ်လျိုး ပါလာခြင်း ဖြစ်၏။
တကယ်တွင်တော့၊ ဒီတစ်ကြိမ် ပြင်ဆင်မှုသည်ကား လုံလောက်သည် ထက် ပိုချေသည်။ ထို့အပြင်၊ စီရီဟန်၏မဟာ့အင်အားရှိမှုကြီးအား တွေးဆမိသော်၊ မည်သူသည်က ကျားခေါင်းကို ပတ်ရှုပ်ဝံ့ပါလိမ့်မည် နည်း။
ထို့ကြောင့်၊ ဒီတစ်ခေါက် စီရီဟန်၏ခရီးစဉ်သည်ကား ရိုးရိုးသာမန် စီးပွားရေးခရီးတစ်ခုဟု မြင်နေကြပေသည်တည်း။ တစ်ခုခုဖြစ်ပျက် လာလိမ့်မည်ဟု ကား မည်သူကမျှ မတွေးထင်ခဲ့ကြခြင်းပင်။
ရီဝမ်ဝမ်က လွဲလျှင်။
သူတို့ရဲ့ဦးတည်ရာနေရာဆီ ရောက်ဖို့ ပိုနီးလာလေလေ၊ သူမအတွက်သည်ကား ပိုလို့အသက်ရှူရကြပ်လာလေလေပင် ။
သူ့ရဲ့အစောင့်အကြပ်တွေ လိုက်ပါခြံရံထားပုံအရ၊
ဘာမှ မှားယွင်းစရာ အကြောင်းမရှိပါချေ။ သို့သော်၊
တစ်စုံတစ်ခုသော ဂိုဏ်းတစ်ဖွဲ့ ပေါ်ချလာလိမ့်မည်ဟု
မည်သူ သိပါလိမ့်မည်နည်း….
ကားထဲတွင် ။
ရီဝမ်ဝမ်၊ သူမနံဘေးက အနည်းငယ်ဖြူရော်နေသည့်မျက်နှာပိုင်ရှင် အနှီယောကျာ်းအား ကြည့်လိုက်ရင်း ပြောလာချေသည်။
“ဘေဘီ၊ အနားမှာ လူတွေပိုပြီးတော့ များများလေး မထားချင်တာ သေချာရဲ့လား။ ချစ်ရင်ထဲမှာ စိတ်မသက်သာဖြစ်နေလွန်းလို့ပါ။ တစ်ခုခုဆိုးဆိုးဝါးဝါး ဖြစ်ပျက်တော့မယ်လို့ တောက်လျှောက် ခံစားနေရတယ်။ ချစ်ကို ယုံပါနော်။ ချစ်ရဲ့အာရုံတွေက အရမ်း တိကျတယ်”