စာစဉ် ၁၆ ( ၇ + ၈ )
9.2K 1.1K 27
Book.              :   16
Chapter.          :  7 + 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၆၊ အခန်း ၇။ ရန်စလို့မရသည့် တည်ရှိမှု
တစ်စက္ကန့်အတွင်းတွင်၊ လူတိုင်းသည် လားရာပျောက်သွားကြသည့် သူများနှယ်၊ ကြောင်အစွာဖြင့် ခိုင်ခိုင်မြဲ ရပ်နေမိကြလေပြီ။
“သခင်လေး စီ က တစ်ကိုယ်လုံး စစ်ဆေးမှုလုပ်ပြီးတော့ အမြန်ဆုံး ဆေးကုသမှု ခံယူမှ ဖြစ်မယ်။ ကျွန်တော်တို့တွေ ထပ်ကြန့်ကြာနေလို့ မရဘူး” ဆရာဝန်သည် မာမာထန်ထန် ပြောဆိုလာခြင်းတည်းပင်။
“အနီးဆုံးဆေးရုံ ဘယ်မှာရှိလဲ”
ရွှီရီ၊ မေးလိုက်သည်။
လျိုယင်ကား၊ သွားတို့တင်းနေအောင် ကျိတ်ထားပြီး။
“ဒီမှာရှိတဲ့ ဆေးပစ္စည်းတွေက ဆိုးဝါးတယ်။ ကျွန်တော်တို့ရဲ့သခင်လေး ကို ဘယ်လိုလုပ်ပြီးတော့ အဲဒီလိုနေရာမျိုးကို ပို့နိုင်မှာလဲ။ ကျွန်တော်တို့ သခင်လေးရဲ့ကျန်းမာရေးက အရေးကြီးတဲ့အခြေအနေမှာ ဆိုတော့ -- ပြန်လှည့်ကြရအောင်”
လျိုယင် ပြောသည်ကို ကြားလိုက်ကြသည့်ချိန်၊ ချက်ချင်းပင်
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြတော့ပြီး တိတ်ဆိတ်သွားကြတော့လေသည်။
မနက်ဖြန်ဆို စေ့စပ်ညှိုနှိုင်းပွဲ ရောက်နေပြီ။
ဒါနဲ့တောင် သူက အခု လှည့်ပြန်ချင်တယ်တဲ့လား။
ဒါပေမယ့်၊ ငါတို့ လှည့်မပြန်ကြဘူးဆိုရင်၊
ငါတို့သူဌေးရဲ့ ဒီလိုအရေးပေါ်အခြေအနေမျိုးနဲ့…..
ရီဝမ်ဝမ်၊ သူမနှလုံးသားထဲတွင် တိမ်မည်းတို့ ဖုံးအုပ်နေချေတော့လျက်၊ သူမလေး ပြတင်းပေါက်အပြင်ကို ကျော်လို့ အဇူရာကောင်းကင်ပြင်ကြီး အား ကြည့်လိုက်မိချေရင်း။
လှည့်ပြန်မယ် ?
သူတို့ ပြန်လို့မရတော့မှာကိုပဲ…..စိုးတယ်…..
လူတိုင်း၊ အဖြေတစ်ခုကို အသည်းအသန် ရှာဖွေဆွေးနွေးနေကြစဉ်။ ရုတ်တရက်၊ လက်အောက်ငယ်သားတစ်ယောက် စိုးရိမ်သောက ရောက်စွာဖြင့် အပြေးအလွှားရောက်ချလာ၏။
“ခေါင်းဆောင် ။ ပြသနာ….ပြသနာတက်ပြီ”