My goddess(Ep-4)

1K 73 2
                                    

#baekhyunနင်အရမ်းမှားတယ် ကိုယ့်ကိုချစ်တဲ့သူကိုမရှာခဲ့ဘဲကိုယ်ချစ်တဲ့လူကိုရှာခဲ့တာကိုကနင်မှားတာ
အဲ့ဒီ့အမှားတွေကိုဘဲကျမကပျော်ရွှင်နေတယ်ဆိုရင်
ကိုကိုယုံမှာလား???

#ကိုကိုက ကျမကိုတောင်တစ်ချက်မထူဘဲရေချိုးမယ်ဆို
ပြီးရေချိုးခန်းထဲတန်းဝင်သွားတယ်လေ...
ကျမကတော့ ဖျားနေပြီဖြစ်တာကြောင့်ရေမချိုးတော့ဘဲ
မျက်နှာသစ်ပြီးဆေးခန်းသွားမယ်ဆိုပြီး အောက်ထပ်ကရေချိုးခန်းကိုသာဆင်းလာခဲ့တော့တယ်...
ခနကြာတော့ကိုကိုလဲအပေါ်ကဆင်းလာပြီဖြစ်တာ
ကြောင့် ကိုကိုbreakfastစားဖို့ ကျမကော်ဖီငှဲ့ပေးလိုက်တယ်ပြီးတော့ပေါင်မုန့်တစ်ချပ်ကိုထောပတ်ယိုသုတ်ပြီးပေးလိုက်တယ်...

#မိုးလင်းထဲက သူမကိုကြည့်နေတာမှိုင်တိမှိုင်တိုင်နဲ့
အရင်နေ့တွေနဲ့ကိုမတူဘူး ကျနော်ပေါင်မုန့်ကိုစားပြီး
ကော်ဖီသောက်နေတော့ ကျနော့်ကိုသူမတစ်ခုခုပြောချင်နေပုံရတာနဲ့ လမ်းဖွင့်ပေးလိုက်တယ်...

Yeol: မင်းငါ့ကိုတစ်ခုခုများပြောစရာရှိလို့လား???

Baek: ဟုတ်...

Yeol: ပြောလေဘာပြောမလို့လဲ???

Baek: ဆေးခန်းသွားမလို့ အဲ့တာဒီနေ့ကိုကို့ကို အားနာ
ပေမယ့် ကိုကိုညနေစာအပြင်မှာဘဲစားခဲ့ပါလား???

#သူ့ကြည့်ရတာနေမကောင်းဘူးထင်တယ်...
ကျနော်ကိုကမိုက်မဲတာပါ သူမအတွက်နည်းနည်းလေးမှ
ဘာဆိုဘာမှမတွေးပေးခဲ့မိလို့လေ...
ကျနော်ကြည့်လိုက်တော့ ကျနော်ရဲ့အဖြေကိုစောင့်နေတဲ့သူမကျနော်လဲသူမနဖူးကိုစမ်းကြည့်တော့

Yeol: Baekhyun မင်းနေမကောင်းဘူးလား???

Baek: ဟုတ်တယ် မနေ့ကလေဆိပ်သွားထဲကနေမကောင်းသလိုဖြစ်ချင်နေတာအရမ်းကြီးမဆိုးရွားတာနဲ့ဆေးမပြဘဲထားလိုက်တာ ညကကိုယ်ပူလာမှမလှုပ်နိုင်လို့
အခုဆေးသွားပြမလို့...

#ကျနော်အရမ်းအတွေးခေါင်ခဲ့တာဘဲ မနေ့ကသူမနေမကောင်းလို့လေဆိပ်မလိုက်တော့ဘူးပြောတဲ့အပေါ်
ကျနော်ကခနဲ့တဲ့စကားတွေပြောခဲ့မိတယ် ဒါဆိုညကလဲ
ချမ်းပြီးကျနော့်ရင်ခွင်ထဲရောက်နေတာပေါ့???
ကျနော်တကယ်မသိခဲ့ဘူး စိတ်ထဲမှာတော့ အရင်က ကျနော်ချစ်ဖူးတဲ့baekလေးဆိုတဲ့အတွေးနဲ့ တောင်းပန်ပါတယ်baekဆိုတဲ့စကားကိုဘဲတိုးတိုးလေးရေရွတ်နေမိတယ်အပြင်မှာတော့မာနတို့်ကရှေ့တန်းရောက်နေတာ
ကြောင့်တောင်းပန်စကားကိုမပြောမိ...

My goddess(Intro)Where stories live. Discover now