My goddess(Ep-20)

1.1K 88 13
                                    


#ကျနော်ကြောင်ကြည့်နေတဲ့ အကြောင်းက မိုးလင်း
တော့သားနဲ့ baekကနှစ်ယောက်သားကျနော်ရင်ခွင်ထဲမှာလေ ကျနော့်ရင်ခွင်က ဘယ်လောက်ကြီးလဲမသိ သားအမိနှစ်ယောက်ကိုအသာလေးဆန့်တယ်လေ...

#Baekရဲ့လက်က သားကိုဖတ်ထားပေမယ့်
ကျမရဲ့ခါးပေါ်ကျရောက်နေတာကိုကိုရဲ့လက်တစ်စုံ...

#အချိန်တော်တော်ကြာတဲ့ထိကျမတို့မှာ အသက်ရှူ ဖို့တောင်မေ့နေသယောင်ယောင်...

#ရင်တုန်သလို ရင်ခုန်နေမိတယ် ကိုကိုကျမမျက်ဝန်းတွေကိုသေချာကြည့်နေတယ် ကြည့်နေတဲ့အကြည့်တွေနဲ့အတူသားကိုဖက်ထားတဲ့ကိုကိုရဲ့လက်တွေက ကျမရဲ့
နဖူးဆီကိုဦးတည်လာတယ်...

#ဦးတည်လာတဲ့ထိကျမ ကိုကို့ကိုကြောင်ကြည့်နေမိ
တုန်းပါ သူရဲ့လက်တွေကကျမနဖူးကိုဦးတည်ပြီးနောက်ပိုင်းထိတွေ့လိုက်တယ်

#baek နဖူးပေါ်မှာနေရာယူထားတဲ့ဆံနွယ်တွေ ကျနော်သပ်တင်ပေးလိုက်တယ် ကျနော့်ကို ကျနော်တောင်
ဘယ်လိုဖြစ်မိမှန်းသေချာမသိ baekကိုမြတ်နိုးလာတာလား ဟုတ်တယ် ကျနော်သူမကိုမြတ်နိုးတယ် ချစ်တာထက်ပိုတဲ့မြတ်နိုးမှု နှစ်သက်မှုစိတ်တွေဖြစ်နေသလိုခံစားရ
တယ်...

#ကျမလဲနောက်မှအသိစိတ်ဝင်လာပြီး
ရုတ်တရက်ကောင်ထိုင်လိုက်ကာ...

Baek: ကိုကိုbaekထလိုက်ဦးမယ် မနက်စာလဲပြင်ရဦး

Yeol: aww onn

#ကျနော်လဲ သူမအောက်ဆင်းသွားတော့မှ အသိစိတ်
ကပ်ကာရင်ခီင်ထဲက သားကို ခနဖယ်ပြီး ရေမိုးချိုး
ပြီးအောက်ထပ်ကိုဆင်းလာခဲ့တယ်လေ...

#သူမက ထမင်းစားခန်းမှာမနက်စာပြင်ဆင်နေတုန်းဘဲ
ကျနော်လဲ ထမင်းစားပွဲခုံမှာနေရာယူလိုက်တယ်
ကျနော်ရောက်နေတာသူမသိတာနဲ့ ချောင်းတစ်ချက်ဟန့်လိုက်တယ်

Yeol: အဟမ်း!!!

#Baekက အပေါ်ထပ်ကနေရှက်ရှက်နဲ့ဆင်းလာတာမလို့မနကစာပြင်ရင်းအခန်းထဲကအဖြစ်ကိုပြန်မြင်ယောင်
‌နေတယ် မြင်ယောင်နေတုန်းမှာဘဲ ကိုကိုကအနောက်
ကနေချောင်းနစ်ချက်ဟန့်လိုက်တော့ကျမအတွေးတွေကလန့်ပြီးကိုယ်တောင်တုန်တက်သွားတယ်...

My goddess(Intro)Where stories live. Discover now