စာစဉ် ၁၆ ( ၉ + ၁၀ )
9.4K 1.1K 17
Book.              :    16
Chapter.          :   9 + 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၆၊ အခန်း ၉။ ထောင်ချောက်
ရီဝမ်ဝမ်အား အဝေးသို့ပို့ပြီးသည့်နောက်၊ ကျန်ရှိနေကြသည့်လူတို့ အလျင်အမြန်ပင် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်လိုက်ကြတော့ပြီး တစ်ချိန်တည်းတွင်ပင် စီရီဟန်အား ခေါ်ထုတ်သွားကြတော့လေသည်။
လျိုယင်၏မျက်နှာသည်ကား သေလောက်အောင်ငြိမ်သက်လို့နေဆဲ။
ဟော်တယ်ကနေ ထွက်သွားနိုင်တော့ကော ဘာလုပ်မှာလဲ။
မြို့တစ်မြို့လုံးက အခု သူတို့လက်ထဲမှာ ရောက်နေပြီ။ ငါတို့ ဘယ်ကိုပဲ သွားသွား၊ လှောင်အိမ်ထဲမှာပိတ်မိနေတဲ့ လိပ်တွေလို ဖြစ်နေတုန်းပဲ။
ငါတို့ ထွက်သွားလို့မရသလို ၀င်လာမယ့်အကူအညီကိုလဲ မရနိုင်ဘူး။
အကူအညီ ရှိတယ်ဆိုရင်တောင်မှပဲ အရမ်းကို နောက်ကျသွားလောက် ပြီ -- ဟိုးအဝေးကရေနဲ့ ဒီကမီးတောက်ကြီးကို ငြိမ်းလို့နိုင်မှာမဟုတ် တော့ဘူး။
အပေါ်ယံမျက်နှာပြင်တွင်မူ တစ်မြို့လုံးသည် အလွန်တရာ တည်ငြိမ်အေးချမ်းလို့ နေပါ၏။ သို့သော်၊ အမှန်တရားသည်ကား သူုတို့အားလုံး နေရာမှာတင် အသတ်မခံကြရသေးခင် သူုတို့တွေဆီ ကြီးမားလှသည့် သေခြင်းတရားထောင်ချောက်ကြီးတစ်ခုသည် တရွေ့ရွေ့ ချဉ်းကပ်လာနေခြင်းပင်။
ပြီးတော့လည်း ၊ ဤသည်မှာ သူတို့၏သခင် သတိမေ့လဲနေသည့် အချိန်၊ နာမကျန်းဖြစ်နေသည့်အချိန်တွင် ဖြစ်သည်တည်းဖြစ်ရာ -- သူတို့၏နောက်ဆုံးသောအားကိုးရာမဏ္ဍိုင်ကြီးသည် ယိုင်လဲသွားခဲ့ရ ချေပြီ။
စီရီဟန်၏အခြေအနေသည် ကောင်းမွန်လာခြင်း မရှိပါချေ -- လမ်းခရီးတွင် သူသည် ထပ်မံပင် အဖျားဝင်လာချေသည်တည့်။
အရင်က သူ ထမ်းဆောင်ခဲ့ဖူးသည့်တာဝန်တွေအားလုံးထဲတွင်  လျိုယင် တစ်ခါဖူးမျှ မျှော်လင့်ချက်ကင်းမဲ့ခြင်းကို မခံစားခဲ့ဖူးပါချေ။