စာစဉ် ၁၆ ( ၁၁ + ၁၂ )
9.3K 1K 12
Book.              :   16
Chapter.          :  11 + 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၆၊ အခန်း ၁၁။ စီရီဟန်၏နံပတ်၁ လက်ရုံး
တခြားသောတစ်ဖက်တွင်ကား။
ရီဝမ်ဝမ်သည် လုံခြုံဘေးကင်းမှုရှိသည့်မြေပြင်ဆီ ရောက်ရှိသွားခဲ့ချေပြီ။
“သခင်မလေး ရီ၊ လေယာဉ်ပေါ် တက်ပါခင်ဗျာ” ကိုယ်ရံတော်တစ်ယောက်သည် အေးစက်စွာဖြင့်
ပြောလာခြင်း။
ရီဝမ်ဝမ်၊ သူမမျက်နှာထက်ပေါ်တွင် အမူအရာမရှိဘဲ ကိုယ်ရံတော်တို့အား ကြည့်လိုက်ပြီး။
“ကျွန်မ ထွက်သွားမယ်လို့ ဘယ်သူပြောလဲ”
နောက်ဆုံးတွင်တော့၊ စိတ်ညစ်ညူးမှုအရိပ်အယောင်လေးတစ်ချက်၊ တခြားသောကိုယ်ရံတော်၏လေသံတွင် ထင်ဟပ်လာခဲ့တော့ပြီ။
“သခင်မလေး ရီ၊ အခု အခြေအနေက အရမ်းကြီးကို အန္တရာယ် ရှိနေတာပါ။ အသက်နဲ့ပတ်သက်ပြီးတော့ အပြောင်အပြက်တွေ မလုပ်နေပါနဲ့”
ဒီလူတွေသည် ယခုအချိန်တွင် စီရီဟန်၏နံဘေးတွင် ရှိနေသင့်ကြ သည်ပင်။ သို့တိုင်၊ သူတို့သည် သူတို့အား ပြသနာစဉ်ဆက်မပြတ် ရှာနေပါသည့် ဒီမိန်းမအား ခြံရံစောင့်ရှောက်ရင်း လိုက်ပါပို့ဆောင်ပေး နေကြရသည်တည်း ဖြစ်ရာ။ သူုတို့တွေသည် အထူးထရိန်နင်သင်ကြား ပေးခံထားရသူများ ဖြစ်သည်ဆိုလျှင်တောင်မှ သူတို့၏သည်းခံနိုင်စွမ်း တို့သည် အကန့်အသတ်ရောက်လာခဲ့ကြလေပြီ။
ရီဝမ်ဝမ်၊ ကိုယ်ရံတော်တို့ ပြောဆိုနေကြသည်တို့အား ဂရုစိုက်နေခြင်း အလျဉ်းမရှိ ၊ မြန်မြန်ဆန်ဆန်ဖြင့်ပင် သူမနှင့်တစ်ပါတည်း ယူဆောင် လာပါသည့် ခရီးဆောင်အိတ်အား ဖွင့်ချလိုက်တော့သည့်တည့်။
သူတို့အားလုံး မြင်လိုက်မိကြတော့သည်ကား၊
အ၀တ်အစားတွေနှင့် အပြည့်ဖြစ်နေပါသည့် ခ၇ီးဆောင်အိတ်ဖြစ်နေခြင်း….
ရီဝမ်ဝမ်၊ သူမနာရီပေါ်က အချိန်ကို တစ်ချက်ကြည့်လိုက်တော့ပြီး၊ အနက်ရောင်ညနေခင်းဝတ်စုံကို လဲဝတ်လိုက်တော့ကာ အနက်ရောင် ဇာပုဝါပါသည့် ဦးထုပ်အား ဆောင်းလိုက်တော့ပြီ။ ပြီးသည်နှင့်၊
သူမ ကိုယ်ရံတော်နှစ်ယောက်ဘက်ဆီ လှည့်လိုက်တော့ပြီး
ချက်ချင်း မေးလိုက်သည်။
“တခြားပုန်းနေတဲ့သူတွေ ဘယ်နှယောက် ရှိလဲ။ သူတို့ကို ထွက်လာခိုင်း ပြီး ကျွန်မ ခရီိးဆောင်အိတ်ထဲကအကျီင်္တွေ အတင်းလဲဝတ်ခိုင်းလိုက်”