PART 1

941 40 1
                                    

Beijing... ဟွမ်ချိမ်ရီ အထက်တန်းကျောင်း📌

အထက်တန်းကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင်
ဖစ်သည်။ မီတာ 300 အပြေးပြိုင်ပွဲတွင် ပါဝင်
ဖြစ်ခဲ့သည်က Xiao Zhan ဘဝအတွက်အခက်ခဲ
အပင်ပမ်းဆုံးအချိန်ပင်...

ရည်ရွယ်ချက် ကတော့ တစ်ခုထဲ သူ့သူငယ်ချင်း
မလေး Yi Chanတိုက်တွန်းလို့...နောက်ပြီး အနှီး
သူငယ်ချင်းမလေးအမြင်မှာဆို ဘာမဆိုလုပ်နိုင်ပီး
ယောကျာ်းပီသသူတယောက် အထင်ကြီးအားကိုး
နိုင်မည့်လူတယောက် ဖစ်ချင်မိသည်...

ဒါပေမဲ့ စိတ်ကူးနဲ့လက်တွေ့ကတော့ တခြားစီပါပဲ
နဂိုထဲကချွေးထွက်သန်သူမို့ တကိုယ်လုံးရေချိုးထား
သည့်အတိုင်း ပြေးနေရင်း ခြေထောက်တွေကခဲဆွဲ
ထားသလို လေးလံလာရကာ...

"Xiao Zhan!  Jia you jia you အားတင်းထားး
ရောက်တော့မယ် "

ပွဲကြည့်စင်မှဆူညံစွာ အားပေးနေသောအသံများ~~
ထို့နောက် ကျိတ်မှိတ်ကာ ပန်းတိုင်စီပြေးဝင်
ခဲ့သော်လဲ....ကျွန်တော့် ကမ္ဘာဟာအမှောင်အတိ...

******

မျက်လုံးအစုံဖွင့်လိုက်မိသည်နှင့် မျက်နှာကျက်
ခပ်စိမ်းစိမ်းကြောင့် မျက်လုံးထဲ ကျိမ်းစပ်သွားပေမဲ့
ခပ်စူးစူးအသံလေးက

" Xiao Zhan နင် သတိရလာဘီလား နိုးရင်လဲ ထ "

"Yi Chan ငါဘယ်ရောက်နေတာလဲ ပြိုင်ပွဲမှာ ရှိနေရမှာမဟုတ်ဖူးလား နောက် နောက်ပြီး ငါ ဆုရောရ
လိုက်ရဲ့လား "

"စိတ်အေးအေးထားပါဟာ နင် အထူးဆု ဟီး
နှစ်သိမ့်ဆုတော့ရပါတယ်ဟ အဲ့ဒါကအရေးမကြီးဖူး
ရှေ့ရက်တွေမှာ နင် trainee ဆင်းတာတွေများ
တော့အားနည်းပီး shock ဖစ်သွားတာတဲ့ ဆေးရုံမှာ
သေချာ ၂ရက်လောက်အနားယူလိုက်အုံး "

ပြောလဲပြောရင်း ပစ္စည်းတစ်ချို့ကောက်ထည့်ကာ
အိတ်လွယ်ရန် ပြင်နေသော သူမကြောင့်

"နင်ကဘယ်သွားမလို့လဲ "

"နင်သတိရပြီဆိုတော့ ငါလဲအိမ်ခဏပြန်ပြီး ရေချိုး
အုံးမယ်လေဟာ အောက်မှာ ကိုကိုစောင့်နေတယ်
သူပြန်လိုက်ပို့ပေးမှာ ငါသွားဘီ ညနေမှပြန်လာခဲ့
မယ် "

COINCIDENTAL LUV ♡.Where stories live. Discover now