PART 3

417 48 4
                                    

အခန်းအပြင်ဘက်မှ ကာယလေ့ကျင့်တဲ့သီချင်းသံ
လျှံကျ လာတာနဲ့ Yibo ခေါင်းအုံးအောက်တိုးဝင်ကာ
ကြိတ်မှိတ်ဆက်အိပ်တာပဲ...မနက်မိုးလင်းတိုင်း
ကြားနေကျ မို့ ဒါ သူ့အတွက်မထူးဆန်းတော့

အဲ့ယုန်ပူးကအရမ်း အဘိုးကြီးဆန်လွန်းတယ် သူများတွေလိုမနက်ပိုင်းအပြင်မှာထပြေးပီး ကျန်းမာရေး လိုက်စားတာမျိုးလဲမဟုတ်...အိမ်ထဲမှာဘာမဟုတ်တဲ့
လေ့ကျင့်ခန်းလေးလုပ်ပီးသူ့ကိုယ်သူအရမ်းသန်မာတယ်ထင်နေတာခက်တာပဲ သူများလဲအိပ်ကောင်း
ခြင်းမအိပ်ရ ယုန်ပူးတော့အရေခွံစုတ်ခံရတော့မယ်

သီချင်းသံဆုံးသွားတော့ မရိုးရအောင်TV ကမနက်
ခင်း သတင်းကိုအသံမိုင်ကုန်ချဲ့ပီးဖွင့်နေပြန်ဘီ
Yibo အိပ်ပျော်တစ်ဝက်နိုးတစ်ဝက်ကနေ ဆက်အိပ်
လို့ပင်မရတော့...တံခါးကိုစောင့်ဖွင့်ရင်းအခန်းအပြင်
သို့ထွက်ရတော့တယ်

"အိုက်ယား ခင်ဗျားTVသံကိုလျှော့စမ်းပါ တကယ်ပဲ
တောဆန်လိုက်တာ နားလေးလို့အဲ့လောက်ဖွင့်ထား
တာလား "

"ငါ့အိမ်ပဲ ငါဖွင့်ချင်သလိုဖွင့်မှာပေါ့ မင်းကဘာဖစ် "

မနက်စာပြင်ဆင်နေတုန်း ရေလာသောက်ရင်းသူ့ကို
လာဟောက်နေတဲ့စွာတေးစိန်ကိုကြည့်မိတော့
ချက်ချင်းမျက်လွှာချကာအကြည့်လွှဲရသူက
Xiao Zhan...

သူလဲအိပ်ရင်အဝတ်တွေချွတ်အိပ်တတ်ပေမဲ့
ဒီကလေးရောက်လာတော့ သူအနေအထိုင်ဆင်ခြင်
ခဲ့သည် Wang Yiboတို့ကတော့ နိုးနိုးချင်း
ဆံပင်စုတ်ဖွားနဲ့ boxerအတိုလေးသာကပ်တဲ့
ခန္ဓာကိုယ်နဲ့ တစ်အိမ်လုံးကိုပတ်ပီးသွားနေတာ
အရှက်လဲမရှိဖူး

"မင်း ဘယ်လိုဖစ်နေတာလဲ Wang Yibo
မင်းကိုအင်္ကျီ ဝတ်ပီးမှ အပြင်ထွက်ခဲ့လို့ပြောတာ
အခါဆယ့်ရှစ်သိန်းရှိနေဘီ "

"ဝတ်ချင်မှဝတ်မှာပေါ့ ခင်ဗျားအပူပါလား "

"အရှက်မရှိတဲ့ကောင် "

"သိ ပြီးတာပဲ ပါတာချင်းအတူတူကို လာရှက်ပြ
နေသေးတယ် "

Xiao Zhan ဘာမှပြန်မပြောနိုင်သေးခင်မှာYibo
ကရေချိုးခန်းထဲပင်ရောက်သွားလေဘီ ကြော်နေတဲ့
ကြက်ဥလေးကိုသာအတိုးနဲ့ဒေါသတွေပုံချရတော့တယ်...

You've reached the end of published parts.

⏰ Last updated: Oct 29, 2019 ⏰

Add this story to your Library to get notified about new parts!

COINCIDENTAL LUV ♡.Where stories live. Discover now