စာစဉ် ၁၆ ( ၁၃ + ၁၄ )
9.4K 1.2K 32
Book.              :   16
Chapter.          :  13 + 14
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၆၊ အခန်း ၁၃။ ရုတ်တရက်အသံတစ်သံ
ဒီလိုအခြေအနေမျိုးကြားတွင် လူပြက်လေး ဂျေဆန်နှင့်
တခြားသော သွေးဆာသောလူသတ်သမားဂိုဏ်းအဖွဲ့သားတို့သည် တည်တည်ငြိမ်ငြိမ် ရှိနေကြကာ၊သူတို့တစ်ယောက်ချင်းစီရဲ့မျက်နှာ ထက်တွင် ကြီးမားလှသည့်အပြုံးပန်းကြီးတို့ ဝေဆာပွင့်လန်းနေကြ သည်။ ဒီချိန်၊ ကိုယ်ရံတော်တို့သည်ကား ပိုလို့ပိုလို့ စိတ်မသက်မသာ ခြင်းတို့ကို ခံစားလာနေကြရသည်တည့်။
လူနှစ်ယောက် တိုက်ခိုက်နေကြသည်တို့ကို ကြည့်နေကြသည့်ချိန်၊ လူပြက်လေးသည် စာနာသနားသောအသံဖြင့် ပြောဆိုလာသည်။
“ကျွတ်စ် ကျွတ်စ်၊ ကလေးဆန်လွန်းလိုက်တာ…. ယူဂျင်းရဲ့ အားနည်းကွက်ကိုများ ရှာတွေ့ဖို့ ကြိုးစားနေရတယ်လို့….”
မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ စုန့်ကျင်းနှင့် ယူဂျင်းတို့ တစ်ယောက်ကိုတစ်ယောက် အကွက် ၁၀၀ လောက် တိုက်ပြီးကြလေပြီ။
သို့သော်လည်း၊ လျိုယင်နှင့် တခြားသူတို့၏ နှလုံးအိမ်ထဲတွင်ကား အနည်းငယ်မျှပင် ပျော်ရွှင်သွားရခြင်း မရှိမိချေ။ ဒီအစား၊ သူတို့ရဲ့ မျက်နှာသည် ပိုလို့ပင် ဖြူရော်လာလေသည်။
ထိုမကောင်းဆိုးဝါးအယုတ်တမာကြီးသည် ဒီတစ်ချိန်လုံးလုံး ကြွက်တစ်ကောင်အား အရူးလုပ်နေသည်နှင့်ပင် တူလို့နေချေသည် - သူ့ရဲ့လက်ချောင်းတို့သည် သံတမျှ ချွန်ထက်လှကာ အကွက်တစ်ကွက် စီတိုင်းတွင် စုန့်ကျင်းပေါ် ဒဏ်ရာတို့ထားခဲ့သည်ချည်း။
ဒဏ်ရာတိုင်းသည် သူ့ရဲ့နှလုံးရှိရာဆီ ရည်ရွယ်ထားကြလျက်၊
အသားထဲ ထိုးဖောက်ဝင်ရောက်ထားချေသည်။ ဒဏ်ရာတို့သည်ကား သေကွင်းသေကွက်တို့ မဟုတ်ကြပါသော်လည်း၊ သူ့အား အလွန်အမင်း နာကျင်စေသည်ကား၊ သေသည်ထက်ပင် ပိုဆိုးရွားလှချေသည်…..
မိနစ်ပိုင်းလေးအတွင်းတွင်ပင်၊ စုန့်ကျင်း ၊ လုံးဝအတိ သွေးလွှမ်းနေသော လူတစ်ယောက် ဖြစ်လာရတော့ပြီ။