စာစဉ် ၁၆ ( ၁၉ + ၂၀ )
9.9K 1.1K 21
Book.              :   16
Chapter.          :  19 + 20
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၆၊ အခန်း ၁၉။ အသက်မပါဘဲ ထွက်သွား
ချို့ဟုန်ဟိုင်၊ ဂျေဆန်နှင့် တခြားသောသူတို့ စတင်သံသယ၀င်လာ ကြရုံရှိသေး၊ ထိမိန်းမသည် ရုတ်တရက် လှုပ်ရှားလာချေသည်။
သူတို့အားလုံး မြင်လိုက်ကြသည်ကား၊ အနှီမိန်းမသည် ပတ္တမြား ကျောက်မျက်လို ကြည်လင်လှသည့် သူမ၏လက်ချောင်းတို့ကို ပင့်မြှောက်လိုက်ကာ၊ သူမနားအနားက အနက်ရောင်ဆံခြည်တို့အား ခပ်ပါးပါးလေး သပ်တင်ကစားလိုက်ခြင်း။ သူမ၊ သူမ၏လက်မောင်းအား မြှောက်လိုက်သည့်အချိန်၊ သူမ၏ရှည်လျားသည့်အကျီင်္လက်သည် သူမ၏တံတောင်ဆစ်အား ဖြေးညင်းစွာ ဖော်ပြလာကာ၊ ဒီနောက် ထိုမိန်းမ ပတ်ထားပါသည့် ရွှေပိုးသားမျှင်သည် ယူဂျင်း၏အမြင်ထဲ ချက်ချင်းဆိုသလို ၀င်လာခဲ့ချေပြီ....
ဇာပ၀ါအောက်က ထိုမိန်းမ၏မျက်ဝန်းတို့သည်ကား သားကောင်အား သတ်ဖြတ်တော့မည့်သားရဲတစ်ကောင်အလားနှယ်။  ယူဂျင်းအား ကြည့်လိုက်ကာ မှောင်မိုက်ပြီး ငရဲဆန်သည့်အသံဖြင့် တိုးညင်းစွာ ပြောလာ၏။ “မင်း ပြောနေတာ…ဒါကိုလား”
သူမ၏အတိတ်ဘ၀တုန်းက စီရီဟန်သည် သူမအား ဘာဆိုဘာမျှပင် ဖုံးကွယ်ထားခြင်း မရှိခဲ့သလို၊ သူမအား ထိပ်တန်းလျို့ဝှက်ချက်သတင်း တို့ကိုပင် ဆွေးနွေးပြောဆိုခဲ့လေသည်တည်းမို့ သူမသည် ထိုဂိုဏ်း၏ အပေါ်ယံကြောထက်ပင် ပိုလို့အများကြီး သိလို့နေခြင်းပါတည်း။
သူမ မမျှော်လင့်ထားမိသည်ကား၊ သူမ ငြီးငွေ့အောင် နားထောင်ခဲ့ရ သည့် ထိုပုံပြင်တို့သည် အခုတွင် အရမ်းကိုအသုံးဝင်လာလိမ့်မည် ဟူသည်….
ယူဂျင်း၏နေရာကနေဆိုလျှင် ထိုမိန်းမ၏လက်ကောက်ဝတ်တွင် ပတ်ချည်ထားပါသည့် ရွှေပိုးသားမျှင်အား ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်သည်တည်း ဖြစ်ရကား ။
ယူဂျင်း၏သရော်လှောင်ပြောင်နေသည့်ပုံရိပ်သည် ချက်ချင်းဆိုသလိုပင် သူ့မျက်နှာထက်ဝယ် အေးခဲသွားရတော့ပြီ။ အကြောက်တရားတို့ကြောင့် သူ၏မျက်လုံးတို့သည် ကျုံ့ဝင်လာကာ ချက်ချင်းပင် သူ့ရဲ့ခန္ဓာကိုယ် သည် အနောက်သို့ မြန်မြန်ဆန်ဆန် ခြေတစ်လှမ်းဆုတ်လိုက်တော့၏။