စာစဉ် ၁၇ ( ၁ + ၂ )
10.3K 1.2K 34
Book.              :   17
Chapter.          :  1 + 2
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၇၊ အခန်း ၁။ အသက်အန္တရာယ်
တစ်ချိန်တည်းမှာပင်၊ အင်ပါရီယာမြို့တော်၊ စီ မိသားစုအိမ်တော်တွင်။
အဘွားအို စီ သည် ဧည့်ခန်းထဲ၌ လက်ဖက်ရည်သောက်လို့နေ၏။
ချင်းရူရှီနှင့်နောက်ထပ်သော ကုမ္ပဏီဘုတ်အဖွဲ့ဝင်တို့ အပြေးအလွှားရောက်လာကြသည်။
“မင်းတို့နှစ်ယောက်လုံး၊ ဒီအချိန်ကြီး ဘယ်လိုဖြစ်ပြီး ရောက်လာကြရတာတုန်း”
အဘွားအိုသည် မျက်မှောင်တို့ကို ကြုတ်လို့
ဘာသိဘာသာ စိတ်အလိုမကျစွာ မေးလာခြင်း။
ဘာကြောင့်လဲဆိုသည်ကား မသေချာပါချေ။
သို့သော်၊ သူမအနေဖြင့် တစ်နေကုန်လုံး စိတ်ထဲလေးလံနေခဲ့ပါ၏။
အခုတွင် ချင်းရူရှီနှင့် ကုမ္ပဏီစီနီယာတစ်ယောက်သည် ဒီအချိန်ကြီး ပေါက်ချလာရာ၊ မကောင်းသည့်ခံစားချက်တို့ တမုဟုတ်ချင်းပင် မြင့်တက်သွားရတော့သည် ။
ချင်းရူရှီ၊ သူမနံဘေးက ဘုတ်အဖွဲ့ဝင်အား တစ်ချက်ကြည့်လိုက်၏။ ဘုတ်အဖွဲ့ဝင်သည်ကား အခက်တွေ့နေကာ စကားလုံးတို့ ရှာမရဖြစ်နေ သည့် ဟန် ပေါ်၏။ ဒီနောက်၊ သူ ချင်းရူရှီဘက်သို့ လှည့်လိုက်ကာ ပြောလိုက်သည်။ “သခင်မလေး ရူရှီပဲ ပြောပြလိုက်ပါလားခင်ဗျာ”
ချင်းရူရှီ တခနလောက် တုန့်ဆိုင်းလို့နေပြီး စကားလုံးတို့အား
ဂရုတစိုက်စီလိုက်ကာ နောက်ဆုံးတွင် ထုတ်ပြောလာသည် ။
“ဘွားဘွားကို ပြောမှဖြစ်မယ့်ကိစ္စ ရှိပါတယ်။ ဒါပေမယ့်၊ ဘွားဘွား ကြားပြီးသွားရင်….စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးတော့ အရမ်းကြီး ဒေါသထွက်မသွားလိုက်ပါနဲ့နော်….”
အဘွားသည် ဒါကို ကြားလိုက်သည့်အချိန်၊
မျက်မှောင်တို့ ကြုတ်လာတော့ပြီး။
“ဘာများလဲ။ ဒီလောက်တောင် လေးနက်လို့လား”
“ဟုတ်ကဲ့….”
ချင်းရူရှီ၊ အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်တော့ပြီး။
“အားကျိုပါ။ သူ တစ်ခုခု ဖြစ်နေပြီ….”