Part 3

3.5K 405 27
                                    

"ဆိုင်ကယ်လိုချင်တယ် ဆိုင်ကယ်ဝယ်ပေးပါလို့ ဟောဒိက သားချောလေး ဝမ်ရီပေါ်လေးကို ဆိုင်ကယ်ဝယ်ပေးကြပါလို့"

"တိတ်စမ်း ရီပေါ် အသက်က ၁၈မပြည့်သေးလို့ မဝယ်ပေးနိုင်ဘူးလို့ ပြောပြီပြီလေ "

"မားကလည်း သားက နောက်လထဲမှာပဲ ၁၈နှစ်ပြည့်တော့မှာကိုလို့"

"ငါ စကားကို နှစ်ခါမပြောဘူးနော် အရိုက်ခံချင်နေပြီလား"

မားကဆူတော့ ရီပေါ်လေး စိတ်မကောင်းဖြစ်တယ်၊ ငိုလည်းငိုချင်တယ်။ပါးကတော့ မသိခြင်ထောင် ထောင်နေတယ်။ ဟိုနေက Motor Showroomတခုကို ရှီယွမ်းတို့နဲ့သွားရင်းနဲ့တွေ့လာတဲ့Limited ဆိုင်ကယ်လေးကို လိုချင်နေတာ မွေးနေ့မှ ဝယ်ရင် သူများဦးသွားမှာဆိုးလို့ ပူစာမိတာ မားက မဝယ်ပေးဘူးတဲ့။

ကောကောကျန့်ကို ပြောရင် ချက်ချင်းဝယ်ပေးမှာသိပေမဲ့ မားသိရင် အရိုက်ခံရမှာမို့ မပြောရဲ။

မွေးနေ့က နီးပြီဆိုပေမဲ့ ဝမ်ရီပေါ်လေးမပျော်ပါ ။
တခြားဆိုင်ကယ်လက်ဆောင်ပေးမယ်ဆိုရင်တောင် မယူချင်ပါနော်။ ဝမ်ရီပေါ်တို့က အစွဲအလန်းကြီးတယ် ။

ဒီနေ့လည်း ကောကောရှောင်းကျန့်က မုန့်စားဖို့လာခေါ်မယ်ပြောပေမဲ့ ရီပေါ်လေးစိတ်မပါဘူး။ စားလည်း ဒီဆိုင်ကယ် သွားလည်းဒီဆိုင်ကယ် အိပ်လည်းဒီဆိုင်ကယ်ဖြစ်နေတာ။ showroomကို သွားကြည့်ရင် ဝမ်ရီပေါ်လေး ကြိုက်တဲ့ ဆိုင်ကယ်မရှိတော့ရင် အသဲကွဲမှာဆိုးလို့ သွားမကြည့်ဘူး။

"Baby သွားမယ်လေ "

"ဟုတ်"

ကောကောကျန့်ခေါ်ရာနောက် ဘာမှမပြောဘဲ လိုက်သွားမိတယ်။

"ခလေး ဘာဖြစ်တာလည်း မျက်နှာလည်း မကောင်းဘူး"

"ဟီး ဘာမှ မဖြစ်ပါဘူး ကောကောကျန့်ရဲ့"

ဝမ်ရီပေါ်လေ အတတ်နိုင်ဆုံး ပြုံးရွှင်ပြီး ပြောလိုက်ပေမဲ့ စိတ်ကတော့ ဆိုင်ကယ်လေးဆီမှာပဲ ။

Cafeကို ရောက်တော့လည်း ကောကောကျန့်က ရေခဲမုန့်နဲ့ chocolate cupcakeလေး မှာပေးတယ်။

ဝမ်ရီပေါ်လေးရဲ့ အကြိုက်ဆုံးတွေ ဖြစ်ပေမဲ့ စားမဝင်ဘူး ကယ်ကြပါအုန်း ။ ဆိုင်ကယ်လေးဆီပဲစိတ်ရောက်နေတယ်။

သကြားကောကောKde žijí příběhy. Začni objevovat