Part 5

3.4K 377 62
                                    

ကျန့်ကော ဒီဒီ အိုက်နီ
ကျန့်ကော ဒီဒီ အိုက်နီ
ကျန့်ကော ဒီဒီ အိုက်နီ

ဝိဝိ ဝါးဝါး အဟမ်း အဟွတ်
ဘာထင်နေကြတာလည်း ကျန့်ကောကော မွေးနေ့ကျရင်ပြောဖို့ ကျင့်နေတာ အသံနေ အသံထားက အစ ယောကျာ်းပိသနေဖို့လိုတယ်လေ အဲ့တော့ မွေးနေ့ရောက်ဖို့ တလလောက် အလိုကတည်းက ကျင့်နေတာ။

ကျန့်ကော ဒီဒီ အိုက်နီ
ကျန့်ကော ဒီဒီ အိုက်နီ

"ဝမ်ရိပေါ် နင် ဒါလေးပြောဖို့ ကျင့်စရာလိုလိုလား နင်စာတွေရော အဲ့လိုမျိုး ရွတ်နေဖူးလား"

မားကလေ တအားပဲ တယောက်ထဲရှိတဲ့သားလေးကို သူမို့ပြောရက်တယ်။ မားရဲ့ တဦးတည်းသော သားမက်လေးကို ယောကျာ်ဆန်ဆန်ပြောချင်လို့ကျင့်နေတာကို ဟွင့်။

"မားကလည်းလေ သားက ၁၈နှစ်ပြည့်ပြီပြီဆိုတော့ ကျန့်ကောအပေါ်မှာ ယောကျာ်းပိပိသသ ချစ်တယ်ဆိုတာ ပြောဖို့လိုနေပီလေ"

ဝမ်မားမားကတော့ ဝမ်ရိပေါ်ရဲ့အပြောကြောင့်သွေးတက်မတတ်ဖြစ်သွားတယ်။ ဘာတဲ့ နှာသံနဲ့လုပ်ပြီး အိုက်နီနေတာကြီးကို ယောကျာ်းပိပိသသ အသံ။ အမလေး ဝမ်ရိပေါ်ရဲ့မားဖြစ်ရတာ  တော်တော်လေး ဂုဏ်ယူဖို့ကောင်းနေပြီ။

"သွား ငါ့ရှေ့မလာနဲ့ စာသွားကျက်ချေ စာမေးပွဲက နင့်ဖင်ထဲဝင်တော့မယ်"

"ဟာ မားရေ သားက စာတော်နေလို့ မဖြစ်ဘူး သားက ရုပ်လေးလည်းချော ချစ်တဲ့ကြိုက်တဲ့သူတွေကလည်း ဒီလောက်ပေါနေတာ စာလေးသာတော်ကြည့်ပါလား မားရဲ့သားလေး ပြေးပေါက်ပိတ်သွားမှာပေါ့"

"တယ် ငါခေါက်ထည့်လိုက်ရ နင်စာကျက်မလား ငါနင့်ရဲ့ဆိုင်ကယ်သိမ်းရမလား "

လာပြန်ပြီ ဆိုင်ကယ်သိမ်းမယ်!! တခုခုဆို ဒီဆိုင်ကယ်နဲ့ပဲ ကိုင်ပေါက် စိတ်လေတယ်။ အိမ်း စိတ်လေနေလို့လည်း မဖြစ်သေးပါဘူးလေ မမြင်တာကြာပြီဖြစ်တဲ့ စာအုပ်လေးကို အလွမ်းပြေသွားကြည့်အုန်းမှပါ။

အခန်းထဲရောက်တော့ စာကြည့်စာပွဲမှာထိုင်ပြီး မတွေ့ရတာကြာပြီဖြစ်တဲ့ စာအုပ်လေးကို ပြုံးပြီးကြည့်မိတယ်။ စာအုပ်လေး ဟိုလှန် ဒီလှန်နဲ့ ရုတ်တရက် ကျန့်ကောကောကို သတိရသွားတယ်။ အဲ့တာနဲ့ ဘေးမှာအသင့်ရှိနေတဲ့ ဖုန်းလေးကို ယူပြီး Data Onလိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Sep 28, 2019 ⏰

Add this story to your Library to get notified about new parts!

သကြားကောကောWhere stories live. Discover now