စာစဉ် ၁၇ (၅ + ၆)
10.2K 1K 25
Book. : 17
Chapter. : 5 + 6
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၇ ၊ အခန်း ၅။ သခင်လေးတို့ ပြန်လာကြပြီ
စီ မိသားစု၏အိမ်တော်ကြီးတွင်။
အဘွားအိုသည် ချင်းရူရှီ၊ ကုမ္ပဏီအကြီးအကဲပိုင်းလူကြီးများနှင့် မိသားစုဝင်အကြီးအကဲများနှင့် အရေးပေါ်အစည်းအဝေးပြုကာ ကယ်ဆယ်ရေးအစီအစဉ်ကို ဆွေးနွေးနေကြစဉ်၊
တံခါးဝဆီသို့ သုတ်တီးသုတ်ပျာတက်လာနေသည့်
ခြေလှမ်းသံတို့ကို ကြားလိုက်ရတော့ပြီ။
ဒီနောက်၊ စာကြည့်ခန်းတံခါး တွန်းဖွင့်ခံလိုက်ရပြီး
အိမ်စေသည် အလွန်တရာ စိတ်လှုပ်ရှားနေသည့်အသံဖြင့် ဆိုလာသည်။
"သခင်....သခင်မကြီး....ပြန်လာကြပြီ....သခင်လေး ၉ နဲ့ တခြားသူတွေ ပြန်ရောက်လာကြပါပြီ"
အဘွားအို၊ တခန ကြောင်အသွားရတော့ချေသည်။ နောက် ၊ သူမရဲ့မျက်နှာမှာ ပျော်ရွှင်မှုတို့ ထုံလွှမ်းလာတော့သည်။
"မင်း ဘာပြောလိုက်တယ်။ ၉ လေး ပြန်လာပြီ ဟုတ်လား"
ချင်းရူရှီသည်လည်း ချက်ချင်းပင် ထမတ်တပ်ရပ်လိုက်တော့သည်။
"သူတို့ အခုဘယ်မှာလဲ"
"တံခါးဝမှာ ရောက်နေကြပါပြီ"
အဘွားအိုသည် အားယူကာထထိုင်လိုက်ရင်း။
"မြန်မြန် ။ မြန်မြန်လေး ။ ငါ့ကို တွဲပို့ပေးစမ်းပါ"
အိမ်တော်ထိန်းသည် ချက်ချင်းပင် အဘွားအိုအား ထူမတ်ပေးလိုက်ပြီး ဂိတ်တံခါးဝဆီသို့ အတူကတွ လျင်မြန်စွာ လျှောက်သွားကြတော့ပြီ။
ယခင်၊ သတင်းဆိုးကို ကြားလိုက်ရသည့်အချိန်တုန်းက အဘွားအိုသည် ကောင်းကောင်းပင် မရပ်နိုင်ခဲ့ပါချေ။ သို့သော်၊ အခုတွင်တော့ သူမသည် သူမ၏မြေးဖြစ်သူအား ချက်ချင်းလက်ငင်းပင် တွေ့လိုစိတ်ဇောကြီးစွာ ပျံတော့မည့်အလားပင် ပြေးပင်ပြေးနိုင်နေလေပြီ။
အမှန်ပင် ၀င်ပေါက်တွင် ကားအနည်းငယ် ထိုးထားကြလေပြီ။
ရွှီရီ၊ လျိုယင်နှင့် တခြားသူတို့ တစ်ယောက်ပြီးလျှင်တစ်ယောက် ကားထဲကနေ ဆင်းလာကြလေပြီ။
သူတို့ ဆင်းပြီးကြသည်နှင့် လူအနည်းငယ်သည် စီရီဟန်အား ဖြေးညင်းစွာနှင့် ဂရုတစိုက်လေး သယ်ထုတ်လာကြသည်။
ရီဝမ်ဝမ်၊ ကားပေါ်ကနေ ဆင်းလိုက်ပြီး အနောက်ကနေ
နီးနီးကပ်ကပ် လိုက်ပါလာ၏။