စာစဉ် ၁၇ ( ၇ + ၈ )
9.8K 1.1K 19
Book.              :   17
Chapter.          :  7 + 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၇၊ အခန်း ၇။ သင်ခန်းစာတစ်ခု
ရွှီရီ၊ ဒါကို ကြားလိုက်ရသည့်အခါ၊ မျက်ခုံးတို့ တွန့်ကြုတ်သွားရ တော့ချေသည်။ သူ့ရဲ့အပြုအမူအား ထိန်းသိမ်းထားခြင်းမရှိတော့ဘဲ ဖန်ချင်းရူအား ဖြတ်ပြောပစ်လိုက်ကာ ရှင်းပြလာ၏။
“သခင်မလေး ဖန်၊ ကျွန်တော်ပြောလို့ မပြီးသေးဘူး။ သခင်မလေး ထင်နေသလို မဟုတ်ပါဘူး…..”
ရွှီရီ စကားမဆုံးခင်ပင် ဖန်ချင်းယွီ၊
သူ့အား စူးစူးရှရှ ငေါက်ငမ်းပြောဆိုလာသည်။
“ရာရာစစ မင်းက ဘယ်သူမို့လို့လဲ ။ ငါ့အဖေကို ငါ စကားပြောနေတာ။ ၀င်ပြောရအောင် မင်းကိုယ်မင်း ဘာမှတ်နေတာလဲ။ မင်းက မင်းရဲ့ သခင်ကို ကာကွယ်တောင်မကာကွယ်ပေးနိုင်ခဲ့ဘူး။ စီ မိသားစုထဲမှာ မင်းလိုမျိုး သုံးစားမရတဲ့အမှိုက်ရှိနေတာ ဘာလုပ်ရတော့မလဲ”
ငေါက်ငမ်းအဆူခံလိုက်ရခြင်းကြောင့် ရွှီရီ၏မျက်နှာမှာ နီမြန်းလာရ တော့ပြီး သူ့ရဲ့လက်သီးတို့အား တင်းကျပ်စွာ ဆုပ်ထားမိလိုက် တော့ချေသည်။ စကားပြောတော့မည်လုပ်နေသည့် အီလဲဗင်း သည်တောင်မှ ဆိုးဆိုးရွားရွား ခံစားလိုက်မိရတော့သည်တည့်။
တဆက်တည်းမှာပင်၊ ဖန်ချင်းယွီ၊ သူမမျက်လုံးထဲက စက်ဆုပ်အထင်သေးမှုတို့နှင့်အတူ ရီဝမ်ဝမ်အား ကြည့်လိုက်ကာ။
“သူမက အစ်ကို ၉ ရွေးချယ်ထားတဲ့ အိမ်တော့်သခင်မကြီးဖြစ်လာမဲ့သူ ဆိုမှတော့ သူမက ဒီလိုအခြေအနေမျိုးမှာ ပိုပြီးတော့တောင် အဖွဲ့နဲ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေသင့်သေးတယ်။
သူတို့တွေ သေခြင်းတရားနဲ့ ရင်ဆိုင်နေရတယ်ဆိုရင်တောင် သူမတစ်ယောက်ထဲ အသက်ရှင်ထွက်လာရတဲ့သူ မဖြစ်သင့်ဘူး”
“ဒီသူရဲဘောကြောင်တဲ့ မိန်းမက အစ်ကို ၉ နဲ့  တခြားသူတွေကို လျစ်လျူရှုပြီး ကိုယ့်အသက်ကိုပဲ ဂရုစိုက်ခဲ့တယ် - သူမက အိမ်တော်ရှင်မ ဆိုတဲ့နေရာကို ဘယ်လိုယူလို့ရပါ့လိမ့်မလဲ။
စီ မိသားစုရဲ့စည်းမျဉ်းစည်းကမ်းတွေအရ ကိုယ့်ရဲ့မိသားစုကို စွန့်ပစ်သွားတာကတင် သေတဲ့အထိ အရိုက်ခံရပြီး ခွေးစာ
အကျွေးခံရဖို့ လုံလောက်နေပြီ”