စာစဉ် ၁၇ ( ၉ + ၁၀ )
9.8K 1K 6
Book.              :   17
Chapter.          :  9 + 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၇၊ အခန်း ၉။ နောက်ကွယ်က ကြိုးကိုင်သူ
ဖန်ချင်းယွီ၊ အံကိုကြိတ်လို့ စိတ်ညစ်ညူးအလိုမကျစွာဖြင့်
သူမ တီးတိုးဆိုလာသည်။
“သူမက ဘယ်လိုလုပ်ပြီးတော့ ဖြတ်ထိုးဥာဏ်ကောင်းတာ၊ ဥာဏ်ထက်တာ ဖြစ်နိုင်ရမှာလဲ။ မလှိမ့်တပတ်လုပ်သွားနိုင်ခဲ့ရုံလေးပဲ။ အိပ်ခန်းထဲမှာပဲ အသုံးကျကြတဲ့မိန်းမတွေက ဥာဏ်တုံးကြတာချည်း ပဲကို”
ယခု၊ အဘွားအို၏ရီဝမ်ဝမ်အား ကြည့်သည့်အကြည့်တို့သည် ယခင်ကထက် အများကြီးပိုလို့ နွေးထွေးလာလေပြီ။ သူမသည်လည်း ၀မ်ဝမ်အား ဖန်ချင်းယွီ အပေါ် အိမ်တော်ကြီး၏သခင်မအာဏာသုံးကာ ပါးရိုက်လိုက်ခြင်းအပေါ် အမြင်သစ်တစ်မျိုးဖြင့် ကြည့်လို့နေလေသည်။
“၀မ်ဝမ်၊ ဘယ်လိုပဲဖြစ်ဖြစ် သမီးက ၉လေး ရဲ့ချစ်သူအနေနဲ့ပဲ ရှိနေသေးတာ ။ လက်မထပ်ရသေးဘူးဆိုတော့ ဘွားတို့မိသားစုဝင် ဖြစ်မလာသေးဘူး။ ဒီတော့ စီ မိသားစုအနေနဲ့ သမီးလေးဆီကနေ
ဘာမှ တောင်းဆိုခွင့်မရှိပါဘူးကွယ်။ ဒါပေမယ့်၊ သမီးလေးက
၉ လေးဆီ ပြန်လာပေးခဲ့ရုံတင်မကဘဲ လူတိုင်းကို ကယ်တင်ပေးဖို့ပါ စဉ်းစားပေးခဲ့သေးတယ် - ဒါက ဘွားကို တကယ်ကြီး ၀မ်းမြောက်စေပါ တယ်ကွယ်”
မူလအတိုင်းဆိုရလျှင် ဒီတစ်ကြိမ် သူတို့တွေ ပြန်ရောက်လာကြပြီး သည့်နှင့် ရီဝမ်ဝမ် တွေ့ရှိခဲ့သည်မှာ အဘွားအို၏သဘောာထားသည် သူမအပေါ် ပိုလို့အေးစက်နေသည်ဆိုသည်ပင်။
တစ်စုံတစ်ယောက်သောသူသည် တစ်စုံတစ်ခုသောအရာကို အဘွားအား သေချာပေါက် ပြောကြားထားသည်ဆိုသည်ကိုတော့ သူမအနေဖြင့် အများကြီးစဉ်းစားနေခြင်း မရှိခဲ့ပါချေ။
သို့သော်၊ ရီဝမ်ဝမ်အဖို့ လုံးဝအတိပင် မမှုပါ။ ဒီလိုဖြစ်သည်ဆိုလျှင် တောင်မှ ဒါသည် လုံးဝကို ကိစ္စကြီးဟုတ်မနေချေ။ ပြီးတော့လည်း၊ သူမသည် သူမ၏အတိတ်ဘ၀တုန်းက အဘွားအား “ရုပ်ဆိုးမှု၊ ဆိုးညစ်မှု” တို့ဖြင့် တွေ့ဆုံထားခဲ့သည်တောင် အဘွားသည်ကား သူမအား လက်ခံခဲ့သေးဆဲ မဟုတ်ပေလော။