စာစဉ် ၁၇ ( ၁၁ + ၁၂ )
9.5K 1K 4
Book.              :   17
Chapter.          :  11 + 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၇၊ အခန်း ၁၁။ သက်သေ
လူတိုင်း၊ တစ်ပြိုင်တည်း အဘွားအိုအား စကားဖြတ်ပြောလာပါသည့် အကြီးအကဲထံ လှည့်ကြည့်လာကြတော့ပြီ။
ဘေးကနေ ကြည့်ရှုနေသည်ဖြစ်သည့် ရီဝမ်ဝမ်သည်ပင်လျှင် အပြာရင့်ရောင်ဝတ်စုံ ၀တ်ဆင်ထားသည့် အကြီးအကဲတစ်ယောက် စကားထပြောလာသည်ကို မြင်လိုက်ရသည့်အချိန်၊ သူမမျက်ခုံးတို့ တွန့်ကွေးသွားမိကြတော့သည်။
“ဘာများလဲ” အဘွားအိုသည် မျက်မှောင်ကြုတ်လို့နေလျက်။
အပြာရင့်ရောင်ဝတ်ဆင်ထားသည့် အကြီးအကဲသည်
ရွှီရီ ရှိရာဘက် အေးစက်စက် ကြည့်လိုက်ကာ၊
နောက် အဘွားအိုအား ပြောဆိုလိုက်သည်။
“မရီး၊ ကျွန်တော် အခုတလောမှာ သတင်းတွေ ရထားခဲ့တယ်။ ဒါပေမယ့်လို့ ကျွန်တော်ကိုယ်တိုင်ကကို မကြည့်ရသေးတာမို့ အဲဒါကို မပြောချင်မိခဲ့ဘူး။ ဒါပေမယ့်၊ အခု ကျွန်တော်တို့ရဲ့ သခင်ကြီးက အတိုက်ခိုက်ခံထားခဲ့ရတယ်။ ကျွန်တော် အံ့သြမိတာက တစ်ခုခုက လွဲနေတာကိုပဲ။ ဒါက လေးနက်တယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကို မစီရင်မဆုံးဖြတ်နိုင်ဘူးဖြစ်နေတယ်။ ဒီတော့ မရီး နဲ့ ဒီမှာ ရှိနေကြတဲ့ လူတိုင်းပဲ ကြည့်ကြည့်ကြပြီး အတူတူ စဉ်းစားပေးကြဖို့ မျှော်လင့်ပါ တယ်”
သူမအရှေ့မှ ဤမြင်ကွင်းအား ကြည့်နေမိရင်း၊
ရီဝမ်ဝမ်၏အမူအရာတို့ ပြောင်းလဲသွားရတော့သည်။
ဒါသည်ကား သူမ ထင်မြင်ထားခဲ့သည်နှင့် တစ်ထပ်တည်းပါပင် - အရာရာတိုင်းသည် အတိတ်မှာ ရှိခဲ့သည်တို့အတိုင်း ပြေကျလာနေ ချေပြီ ။
အခုပြောနေသည့် သူသည်ကား အစစ်အမှန် ကြိုင်းကိုင်သူ၊
စီရီဟန်၏လေးယောက်မြောက်ဦးလေး၊ စီမင်းလီ ပါတည်း။
စီရီဟန်၏အဘိုးထံတွင် ညီငယ် သုံးယောက် ရှိပါ၏။
အဖြူရောင်မုတ်ဆိတ်နှင့် အဘိုးအို၊ စီမင်းရုန်၊ ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် စီမင်းရှောင် နှင့် ဒီနောက်ကွယ်က ကြိုးကိုင်သူတည်းဖြစ်သည့် စီမင်းလီ တို့ ဖြစ်ချေသည်။