စာစဉ် ၁၇ ( ၁၅ + ၁၆ )
9.6K 1K 7
Book.              :   17
Chapter.          :  15 + 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၇၊ အခန်း ၁၅။ သူ့ခြေထောက်တွေကို ချိုးပစ်လိုက်
စီမင်းရုန်၊ မာထန်ထန် မျက်နှာထား၊ တည်ကြည်လေးနက်သည့်အသံဖြင့်  ပြောလာသည်။
“သူ့ကို ခေါ်သွားကြ။ နှိပ်စက်ပြီးတော့ မေးခွန်းတွေရအောင် မေးကြ။
ရွှီ မိသားစုကို အကျဉ်းချ။ တစ်ယောက်တစ်မြီးမှ မလွတ်စေနဲ့”
ဤပြသနာသည်ကား ဖြေရှင်းပြီးနှင့်ချေပြီ။
ရွှီရီ အဖို့သည်ကား သူမ၏အတိတ်ဘ၀တုန်းကအတိုင်း တစ်ထပ်တည်းအဆုံးသတ်ရလိမ့်မည်ပင်။
သူမ၏အတိတ်ဘ၀တွင်၊ ရွီရီကို ဖမ်းခေါ်သွားကြပြီးသည့်နောက်၊ စီမင်းလီ၊ ရွီမိသားစုဝင်တိုင်းအား သတ်ပစ်ရန် တစ်ချက်လွတ်အမိန့် ထုတ်ပစ်ခဲ့လေသည်။ သူတို့၏အပြစ်ဒဏ်အနေဖြင့် တစ်ဦးတစ်ယောက် ကိုမျှ အသက်ရှင်ခွင့်မပေးဘဲ အကုန်သတ်ပစ်ပါရန် ဖြစ်၏။
ရွှီရီအဖို့၊ ယခုတွင် သူ ချောက်ချခံနေရခြင်းကို
သေချာပေါက် ခန့်မှန်းမိနေချေပြီ။ သို့သော်ငြားလည်း။
ဒါက ငါ့အပေါ်ကိုတင် သက်ရောက်မှာမဟုတ်ဘူး။
ငါ့ရဲ့တစ်မိသားစုလုံးနဲ့ ဆွေမျိုးတွေပါ ဒီကံကြမ္မာဆိုးကနေ လွတ်မြောက်ဖို့ဖြစ်နိုင်မှာ မဟုတ်ဘူး။
တကယ်လို့များ သခင်လေး နိုးလာခဲ့တယ်ဆိုရင်တောင်မှ
သူ ငါ့ကို ကယ်တင်ပေးနိုင်တော့မှာ မဟုတ်ဘူး….
အဘွားအိုနှင့်စီမင်းရုန်တို့ ပြောလာကြသည့် စကားတို့အား ကြားလိုက်ရ သည်တွင်တော့ ရွှီရီ၏မျက်လုံးအိမ်တို့ ကျုံ့သွားရတော့ချေသည်။
သူ၊ ကြမ်းပြင်ပေါ် ဒူးတစ်ဖက် ထောက်ချလိုက်တော့ပြီ။ သူ့ရဲ့နဖူးပြင်သည်ကား သွေးစိမ်းရှင်ရှင်ထွက်လို့နေဆဲ။
ထိုသွေးတို့သည် သူ့ရဲ့မျက်နှာထက် စီးကျလို့နေချေသည်။ အမှန်တရားကို ပြောနေခြင်း ဖြစ်ပါသည်ဟု သူ ဘယ်လောက်ပင် ကျိန်တွယ်ပြောဆိုပါစေ၊ သူ လီဆယ်ပြောဆိုနေခြင်းဟုသာ
သူတို့တွေ တွေးတောကြပေလိမ့်မည်။ သူသည် သူ့ကိုယ်သူ ထိုနေရာတွင်ပင် သတ်သေပစ်မည်ဆိုလျှင်ပင် သူသည် အပြစ်ဒဏ်မှ လွတ်မြောက်ဖို့အတွက် ကိုယ့်ကိုယ်ကို သတ်သေခြင်းဖြစ်သည်ဟု သူတို့တွေ တွေးယူကြပေလိမ့်မည်တည့်…