စာစဉ် ၁၇ ( ၁၇ + ၁၈ )
9.6K 1.1K 10
Book.              :   17
Chapter.          :  17 + 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၇၊ အခန်း ၁၇ ။ စိတ်ကျန်းမာရေးပြသနာ
ဒီအထိ နားထောင်လာရသည်တွင်၊ စီမင်းလီ၊
စိတ်ကျေနပ်စွာဖြင့် ခေါင်းတညိတ်ညိတ်ပြုလာတော့သည်။
“ဒီတော့၊ ကျွန်တော့်အနေနဲ့ သခင်မလေး ရီ ကို မေးပါရစေ။ ဒီအသေးစိတ်အချက်အလက်တွေကို ဘယ်လိုလုပ်ပြီးတော့ အတိအကျ သိနေတာပါလဲ။ ဒီအချက်အလက်တွေဆိုတာက စီ မိသားစုကတောင် စုံစမ်းလို့မရတဲ့အချက်တွေပါ။ သခင်မလေးအနေနဲ့ ဘယ်လိုခန့်မှန်း နိုင်ခဲ့ပြီးတော့ လိုအပ်တာတွေကို ကြိုပြင်ဆင်ထားနိုင်ခဲ့တာပါလဲ။ အနာဂတ်ကို ကြိုမြင်နိုင်တာကြောင့်ပဲလား ၊ ဟမ်”
ဒီအခိုက်၊ လူတိုင်း၏အာရုံတို့သည် လုံးဝအတိ
ရီဝမ်ဝမ်ပေါ် ရောက်ရှိသွားကြတော့ပြီ။
သူတို့တွေသည် နောက်ကွယ်ကကြိုးကိုင်သူကို ရှာဖို့ရာ အာရုံများလွန်း နေခဲ့ကြသည်မို့ မည်သူကမျှ ထိုအသေးစိတ်ကျကျ အချက်တို့ကို မေးခွန်းထုတ်လာကြခြင်း မရှိကြခြင်းပင်။ အခုတွင်မူ၊
စီမင်းလီသည် ထိုကိစ္စအား ထုတ်ပြောလာချေပြီ။ ထိုဖြစ်ရပ်သည် အတော်လေးပင် သင်္ကာမကင်းစရာကောင်းလွန်းနေချေသည်ပင်။
“ဒီမိန်းမ….သူမလည်းပဲ သစ္စာဖောက်တော့ မဟုတ်လောက်ပါဘူးနော်၊ မဟုတ်လောက်ဘူးမလား”
“ကြည့်ရတာ ဟုတ်နေသလိုပဲ”
“အဲဒီလူတွေအကြောင်းကို ဘယ်လိုလုပ်ပြီးတော့ ဒီလောက်အများကြီး သိနေနိုင်ပါ့မလဲကွာ။ ဒီမိန်းမနဲ့ပတ်သက်ပြီး တစ်ခုခုတော့ လွဲနေပြီ"
…….
သူ့အတွက် ၀င်ကူပြောပေးလာခြင်းကြောင့်
ရီဝမ်ဝမ်ပါ ဒီအထဲ ဆွဲချခံနေရသည်ကို မြင်နေရသည့်အချိန်၊
ရွှီရီ၏နှလုံးသားလေး တဒုတ်ဒုတ်အခုန်မြန်လာရတော့သည်။
သို့သော်၊ သူသည်ကား ရှင်းပြချက်မပေးနိုင်သလို
သူမအတွက်လည်း ကူမပြောပေးဝံ့ပါချေ။