Chapter 8

10.9K 964 111
                                    

[unicode]

''''' နှောင်ကြိုးလေးများ ရောက်ရှိခြင်း ၁ '''''

တိမ်လွှာနန်းမြိုင်၏ ည သန်းခေါင်ယံအချိန်

ညင်သာသော ဆောင်းဦးလေနုအေးလေးက တိုက်ခတ်လျက်ရှိသည်

ငြိမ်းဆောင်အတွင်းမှာလည်း ငြိမ်သက်စွာ အိပ်စက်နေသောလူသားနှစ်ယောက်ရှိသည်

လန်ဝမ်ကျီ၏ ရင်ခွင်ထဲတွင်အေးချမ်းစွာ အိပ်စက်နေသော လူသားတစ်ယောက်

ဝမ်းဗိုက်အောက်ပိုင်း တစ်နေရာ၏ ခပ်စူးစူးဖြစ်လာသော ခံစားချက်ကြောင့် နိုးလာရသည်

သို့သော် နိုးတစ်ဝက်အိပ်တစ်ဝက်နှင့် ဝမ်းဗိုက်လေးအား အသာဖိကိုင်ပြီး ပက်လက်လှန်အိပ်လိုက်သည်

ဝမ်းဗိုက်၏ ခပ်စူးစူးဖြစ်သောခံစားချက်မှ တစိတ်စိတ်ပြင်းထန်လာပြီး ချွေးစီးများပင်ပြန်လာရသည်

လန်ဝမ်ကျီသည် အအိပ်စက်သောသူဖြစ်တာကြောင့် ရင်ခွင်ထဲကကောင်လေး လှုပ်ရွမှုကြောင့် နိုးလာရသည်

လန်ဝမ်ကျီကြည့်လိုက်တော့ ဝေဝူရှင်းမှာ တစ်ကိုယ်လုံး ချွေးစီးများနှင့် ရွှဲနစ်နေပြီ

" ဝေ့ရင် "

စိုးရိမ်တကြီးခေါ်လိုက်တော့မှ မျက်လုံးဖွင့်လာတဲ့ အနှီကောင်လေး

" လန်....လန်ကျန့် ငါ့..ငါ့ဗိုက်ကြီးပေါက်ကွဲထွက်တော့မယ်ထင်တယ် "

ငိုမဲ့မဲ့နဲ့ပြောလာတဲ့ ဝေဝူရှင်း

" ဝေ့ရင်.....ကလေး...... သမားတော်သွားခေါ်ပေးမယ် "

သမားတော်ခေါ်မယ့်ဟန်ပြင်သော လန်ဝမ်ကျီ၏လက်ကိုဆွဲပြီး

" ဟင့်အင်း....အ....မသွားနဲ့ လန်ကျန့်...ငါ့အနားနေ....အားးး...နာတယ်...လန်ကျန့်..."

" ဝေ့ရင်...ခဏလေး "

လန်ဝမ်ကျီလည်း ဝေဝူရှင်းလက်ကို ခဏလွှတ်၍ ကင်းစောင့်နေသော လန်ဂိုဏ်းသားလေးတစ်ယောက်ကို သမားတော်သွားပင့်ခိုင်းရသည်

ထို့နောက် ဝေဝူရှင်း အနားသို့ ပြန်လာခဲ့သည်

_____________________________________

နှောင်ကြိုးငယ်လေး(Mo Dao Zu Shi Fan Fic)Where stories live. Discover now