Ch.1 losing everything

5.4K 105 0
                                    

ဂျိတ်​တစ်​ယောက်​အ​သေးစိတ်​စာရင်းဇယား​တွေ ကိ်ုကြည့်​ပြီး ဒီ​နေ့မနက်​ပို့​ပေးလိုက်​တဲ့ ပစ္စည်း​တွေကို စာရင်းလုပ်​နေတယ်​...စာရင်းအတိုင်း ပို့​ပေးပြီးတဲ့ ပစ္စည်း​တွေကို စစ်​ရင်းနဲ့​ခြေသံကြားလို့ လှည့်​ကြည့်​လိုက်​တယ်​...

စိတ်​ဖိစိ​နေပြီး​တော့  မျက်​နှာချွန်​ချွန်​ရှိတဲ့ ဆက်​စီကျတဲ့ အမျိုးသမီး တစ်​ယောက်​ကို​တွေ့လိုက်​တယ်​..သူမက အမြဲတမ်း စိတ်​ဝင်​စားစရာ​တွေကို ဖန်​တီးတတ်​တဲ့ နီယာ ပဲ ဖြစ်​တယ်​..အဲဒီစိတ်​ဝင်​စားစရာ​တွေက တစ်​ခါတစ်​လေ​ကောင်း ပြီး​တော့ တစ်​ခါတစ်​လေ ကျ​တော့လဲ ဆိုးတာ​တြွဖေစ်​တယ်​..အခု သူ့မျက်​နှာကို ကြည့်​ရတာ ကိစ္စက​တော့ အဆိုးပဲ ဖြစ်​ရမယ်​...

"customer တစ်​ယောက်​က မန်​နေဂျာကို​တွေ့ချင်​နေတယ်​"
ထင်​ထားသ​လောက်​မဆိုးလို့ ဂျိတ်​နဲနဲ​တော့ အပူ​လျော့ သွားတယ်​..customer တစ်​ယောက်​က complain တက်​ချင်​တာ ဖြစ်​လိမ့်​မယ်​..ဒီဆိုင်​မှာ အလုပ်​လုပ်​နေတဲ့​ကောင်​မ​လေး​တွေ အကုန်​လုံးက ကျွမ်းကျင်​တဲ့ သူ​တွေပါပဲ..
သူမတို့က ကျွမ်းကျင်​တဲ့ သူ​တွေကို ပဲ ငှါး​လေ့ရှိ​ပေမဲ့ customer တချို့က​တော့ မန်​နေဂျာ နဲ့ ပဲ​ပြောချင်​ကြတယ်​...

သူမ​နောက်​က တံခါးကို ပိတ်​ပြီး နီယာ နဲ့အတူ သို​လှောင်​ခန်းထဲက ထွက်​လာရင်းနဲ့​မေးလိုက်​တယ်​..

"ဘာ ဖြစ်​လို့လဲ?"

နီယာ က​တော့ စတိုခန်းသွားတဲ့ တံခါး​ဘေးမှာ စိတ်​ညစ်​နေတဲ့ ပုံစံနဲ့ ရပ်​နေတယ်​..
သူမ နှာ​ခေါင်းရှုံ့ပြီး​တော့ သူမရဲ့​ခြေ​လှမ်း​တွေကို မြန်​မြန်​လျှောက်​သွားတယ်​..သူမရဲ့​ဒေါက်​မြင့်​ဖိနပ်​သံက ဂျိတ်​ကို အ​တော်​လေး နားညည်း​စေတယ်​..ဒါ​ပေမဲ့ အဲ့ဒါက သူမ စိတ်​ဖိစီ်း​နေရင်​ဒါမှမဟုတ်​သူမ တစ်​ခုခု​ကြောင့်​စိတ်​ညစ်​နေရင်​လုပ်​တတ်​တဲ့ နီယာ ရဲ့ အ​လေ့အကျင့်​တစ်​ခုဖြစ်​တယ်​..

"သူမလိုချင်​တဲ့ အင်္ကျီ ဆိုဒ်​မရှိလို့​ဒေါသထွက်​နေတာ​လေ"

"အို..ငါ နားလည်​ပြီ"

စာရင်း​တွေကို စားပွဲ​ပေါ်တင်​ရင်​နဲ့ ဂျိတ်​ဖြေလိုက်​တယ်

The Billionaire's Revenge (Myanmar translation)Where stories live. Discover now