ဂျိတ်တစ်ယောက်အသေးစိတ်စာရင်းဇယားတွေ ကိ်ုကြည့်ပြီး ဒီနေ့မနက်ပို့ပေးလိုက်တဲ့ ပစ္စည်းတွေကို စာရင်းလုပ်နေတယ်...စာရင်းအတိုင်း ပို့ပေးပြီးတဲ့ ပစ္စည်းတွေကို စစ်ရင်းနဲ့ခြေသံကြားလို့ လှည့်ကြည့်လိုက်တယ်...
စိတ်ဖိစိနေပြီးတော့ မျက်နှာချွန်ချွန်ရှိတဲ့ ဆက်စီကျတဲ့ အမျိုးသမီး တစ်ယောက်ကိုတွေ့လိုက်တယ်..သူမက အမြဲတမ်း စိတ်ဝင်စားစရာတွေကို ဖန်တီးတတ်တဲ့ နီယာ ပဲ ဖြစ်တယ်..အဲဒီစိတ်ဝင်စားစရာတွေက တစ်ခါတစ်လေကောင်း ပြီးတော့ တစ်ခါတစ်လေ ကျတော့လဲ ဆိုးတာတြွဖေစ်တယ်..အခု သူ့မျက်နှာကို ကြည့်ရတာ ကိစ္စကတော့ အဆိုးပဲ ဖြစ်ရမယ်...
"customer တစ်ယောက်က မန်နေဂျာကိုတွေ့ချင်နေတယ်"
ထင်ထားသလောက်မဆိုးလို့ ဂျိတ်နဲနဲတော့ အပူလျော့ သွားတယ်..customer တစ်ယောက်က complain တက်ချင်တာ ဖြစ်လိမ့်မယ်..ဒီဆိုင်မှာ အလုပ်လုပ်နေတဲ့ကောင်မလေးတွေ အကုန်လုံးက ကျွမ်းကျင်တဲ့ သူတွေပါပဲ..
သူမတို့က ကျွမ်းကျင်တဲ့ သူတွေကို ပဲ ငှါးလေ့ရှိပေမဲ့ customer တချို့ကတော့ မန်နေဂျာ နဲ့ ပဲပြောချင်ကြတယ်...သူမနောက်က တံခါးကို ပိတ်ပြီး နီယာ နဲ့အတူ သိုလှောင်ခန်းထဲက ထွက်လာရင်းနဲ့မေးလိုက်တယ်..
"ဘာ ဖြစ်လို့လဲ?"
နီယာ ကတော့ စတိုခန်းသွားတဲ့ တံခါးဘေးမှာ စိတ်ညစ်နေတဲ့ ပုံစံနဲ့ ရပ်နေတယ်..
သူမ နှာခေါင်းရှုံ့ပြီးတော့ သူမရဲ့ခြေလှမ်းတွေကို မြန်မြန်လျှောက်သွားတယ်..သူမရဲ့ဒေါက်မြင့်ဖိနပ်သံက ဂျိတ်ကို အတော်လေး နားညည်းစေတယ်..ဒါပေမဲ့ အဲ့ဒါက သူမ စိတ်ဖိစီ်းနေရင်ဒါမှမဟုတ်သူမ တစ်ခုခုကြောင့်စိတ်ညစ်နေရင်လုပ်တတ်တဲ့ နီယာ ရဲ့ အလေ့အကျင့်တစ်ခုဖြစ်တယ်.."သူမလိုချင်တဲ့ အင်္ကျီ ဆိုဒ်မရှိလို့ဒေါသထွက်နေတာလေ"
"အို..ငါ နားလည်ပြီ"
စာရင်းတွေကို စားပွဲပေါ်တင်ရင်နဲ့ ဂျိတ်ဖြေလိုက်တယ်
YOU ARE READING
The Billionaire's Revenge (Myanmar translation)
RomanceI do not own any of this story. I am just translate it. The original story is written by author. -SHAFIRA SARDA- and published by moboreader. Ok! Thanks. Let's enjoy it . 😉