Ch.1.1(U)

1.2K 77 2
                                    

စတိုးဆိုင်ကို ဖြတ်လျှောက်သွားပြီး customers အချို့အား နုတ်ဆက်ပြီးလျှင် ဝန်ထမ်းနားနေခန်းသို့သွားကာ သူမ locker အားဖွင့်လိုက်ပြီး သူမ၏လက်ကိုင်အိတ်အား ဇစ်ဖွင့်လိုက်၏။ ထို့နောက် အသံမြည်နေဆဲဖြစ်သော သူမဖုန်းအား ကောက်ကိုင်လိုက်ကာ

"ဂျိတ် စပါ့ခ် ။တော်သေးလို့ ဂျိတ် သမီးလေး ဖုန်းကိုင်တာ ဘုရားသခင်ကို ကျေးဇူးတင်လိုက်တာ "

ဒါကတော့ သူမ၏မိခင် ထူးထူးဆန်းဆန်း ကယောင်ခြောက်ခြား အော်နေခြင်းဖြစ်၏။

" သမီး ခုချက်ချင်း အိပ်ပြန်လာမှရမယ် ။ ရဲတွေ ဒီမှာရောက်နေတယ် ။ ပြီးတော့ သမီး အဖေ…"

သူမ အသံမြှင့်ကာ စူးစူးဝါးဝါး အော်ပြောနေသောကြောင့် ဂျိတ် မည်သည့်စကားလုံးမျှ နားမလည်ပေ။

"ကျေးဇူးပြုပြီးတော့ ဒီမှာ သမီးကိုလိုအပ်နေတယ် "

သူမ မည်သည်ကိုမျှ နားမလည်ပေ ။သို့သော် သူမမိခင်၏ ပုံစံကိုကြည့်ခြင်းအားဖြင့် သတင်းကောင်း ဖြစ်ဟန်မရှိချေ။
ထို့ကြောင့် မေးခွန်းထုတ်နေမည့်အစား သူမ ဖုန်းချလိုက်ကာ နီယာ အား စတိုးကို အခြေအနေ ကြည့်ထိန်းထား စေလိုက်သည် ။ ကလျာနှင့် မယ်ရီ တို့နှစ်ယောက် သူမ မရှိသော်ငြား အဆင်ပြေမည်ဟု သူမ ယုံကြည်သည် ။

သူမ ကားရပ်လိုက်သည်နှင့် အိမ်ရှေ့တွင်   ရဲများ သေတ္တာများနှင့် အဝင်အထွက်လုပ်နေသော မြင်ကွင်းက သူမ မျက်စေ့ထဲသို့ ဝင်လာ၏။ သူမမိခင်သည် ဘေးတစ်နေရာတွင် ရပ်နေပြီး ရှပ်မင်္ကျီဖြူနှင့် ဂျင်း ကို တွဲဖက်ဝတ်ဆင်ထားသော လူတစ်ယောက်နှင့် ငြင်းခုံနေပုံရသည်။ ထိုသူသည် သူမမိခင်၏စကားကို လက်ပိုက်ထားလျှက်နှင့် နားထောင်နေ၏။ ထိုသူသည် နေကာမျက်မှန်တပ်ထားသည့်အတွက် ထိုသူ့မျက်နှာ ချွေးပျံမပျံကို သူမ သဲသဲကွဲကွဲမမြင်ရပေ ။

ဂျိတ် ထိုသူတို့အနား ရောက်သွားသည်နှင့် နေကာမျက်မှန်တပ်ထားသောသူက လှည့်ကြည့်လာသောကြောင့် ထိတ်လန့်မှုအနည်းငယ်ကို မနည်း ချိုးနိမ်ထားလိုက်ရသည်။ သူမ၏ မိခင်သည် ထိုလူက သူမစကားပြောသည်ကို အာရုံမစိုက်သောကြောင့် ထိုသူ့အကြည့်အတိုင်း လိုက်ကြည့်ရာ ဂျိတ်ကို တွေ့မှသာ သက်ပြင်းချနိုင်တော့၏။

You've reached the end of published parts.

⏰ Last updated: Dec 07, 2019 ⏰

Add this story to your Library to get notified about new parts!

The Billionaire's Revenge (Myanmar translation)Where stories live. Discover now