စာစဉ် ၁၇ ( ၂၁ + ၂၂ )
19.2K 1.4K 86
Book.              :   17
Chapter.          :  21 + 22
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၇၊ အခန်း ၂၁။ ကိုယ့်ကို ကူတွဲပေး
အနှီလူသား၏ဆံပင်သည် မင်အလား နက်ခြိမ့်နေပြီး၊ သူ့ရဲ့မျက်လုံး တို့သည် ရေခဲအလားနှယ်၊ သူ့ရဲ့နီရဲသည့်နှုတ်ခမ်းတို့သည်သာလျှင် ဖြူဖျော့နေသည့် သူ့မျက်နှာထက်ဆီက တစ်ခုတည်းသော အရောင် ဖြစ်ချေသည်။ သူ့ရဲ့ဖြူရော်နေသည့် အားနည်းချိနဲ့နေသော ရင်ညွန့်ရိုး တို့သည်ကား သူ၏ပြေလျော့နေသည့်ညအိပ်ဝတ်စုံပါးအောက်ကနေ ထွက်ပြူလို့နေချေသည်။ သူ့အား မှုန်မှိုင်းအလိုမကျသည့် အရောင်အ၀ါတို့က သိုင်းခြုံရစ်ပတ်ထားချေသည်။
သူ့ပုံစံသည် အလွန်တရာ နာမကျန်းဖြစ်နေဟန် ပေါ်နေသော်ငြား၊ သူ့၏အရောင်အ၀ါတို့သည်ကား လုံးဝသက်ရောက်ဟန်မတူ။ ထိုအစား၊ လူတိုင်းအား အလွန်တရာမှ များလှသော အန္တရာယ်တွင်းထဲ ရောက်ရှိသွားကြရသည့်အလား ခံစားစေနိုင်ချေသည်ပင်….
ရီဝမ်ဝမ်၊ ကြောင်အသွားမိတော့ရင်း၊ မြေကြီးပေါ် ခိုင်ခိုင်မြဲ တောင့်တောင့်ကြီး ရပ်တန့်မိနေတော့လေပြီ။
စီရီဟန်က ငါ့အရင်ဘ၀မှာတုန်းက သုံးလကြာအောင်
ကိုမာဝင်နေခဲ့တာ မဟုတ်ဘူးလား…
ဒီအချိန်မှာ တကယ်ကြီး သတိပြန်ရလာတယ်….
သူမ၏မျက်စိရှေ့တွင်ရှိသည့် ဤသနားကြင်နာမှု ကင်းမဲ့ပြီး မှုန်ကုတ်နေတတ်သည့် လူကြီးသည် သူမဘ၀ထဲက အကြီးမားဆုံးသော အိပ်မက်ဆိုးကြီး ဖြစ်ခဲ့ဖူးပါ၏။
သူမသည် သူ့အား သေပါစေ၊ သေပါစေ ဆိုကာ  အကြိမ်ပေါင်းမြောက်မြားစွာပင် ကျိန်ဆဲခဲ့ဖူးပါ၏။
သို့သော်လည်း၊ သူသည် နောက်ဆုံးတွင် သတိပြန်ရလာသည်နှင့် မည်မျှပင် အားနည်းချိနဲ့နေပါစေ၊ သူမအရှေ့တွင် မားမားမတ်မတ် ရပ်တည်ပေးနေသည်ကို မြင်လိုက်ရတော့ကား၊ သူမ၏မျက်ဝန်းတို့ မထိန်းနိုင်စွာပင် စတင်နာကျင်လာမိတော့ပေသည်။