အက်ဳိးေက်းဇူး

3.9K 50 15
                                    

ယူနီကုဒ်ပြောင်းသုံးလိုက်တဲ့အတွက် ချက်ချင်းရလာမယ့် အကျိုးကျေးဇူးများ
(Unicode)

ယူနီကုဒ်နဲ့ ပတ်သက်ပြီး အစိုးရစံသတ်မှတ်ချက်များ အဖွဲ့အစည်းကလဲ မဖြစ်မနေလိုက်နာရမယ့် Mandatory Standard အဖြစ် သတ်မှတ်ပြီး ဖြစ်ပါတယ်။ အစိုးရဌာနများမှာ အားလုံးတပြေးညီ ပြောင်းလဲပြီး ဖြစ်ပါတယ်။ အောက်တိုဘာလ (၁)ရက်နေ့မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ ပြောင်းလဲ အသုံးပြုကြတော့မှာပါ။ အဲဒီလို ဘာကြောင့် ပြောင်းလဲရတာလဲ ကျွန်တော်တို့ကရော အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ဘာကြောင့် လုပ်ကြဖို့ လိုအပ်တာလဲ အဲဒါတွေကိုတော့ ကျွန်တော် ကွန်ပျူတာသုံး မြန်မာစာ စံစနစ်တစ်ခုတည်း ဖြစ်ဖို့ ဘာကြောင့် လိုအပ်သလဲ မှာ ရေးခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအပြင် ယူနီကုဒ်ဆိုတာ ဘာလဲဆိုတာကို ကျွန်တော့်လေ့လာမိသမျှ ယူနီကုဒ်အကြောင်း ဆောင်းပါးမှာ ရေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ ယူနီကုဒ်ပြောင်းသုံးလိုက်တဲ့အတွက် ချက်ချင်း ရလာမယ့် အကျိုးကျေးဇူးတွေကို ရေးချင်ပါတယ်။

(၁) စံစနစ်တစ်ခုကို ဖြစ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပြီးသား ဖြစ်ခြင်း
ကျွန်တော်တို့ အနှစ်နှစ်အလလ လိုအပ်ချက်အရ၊ အကန့်အသတ်တွေအရ ကွန်ပျူတာသုံး မြန်မာစာစနစ်ကို ပုံစံမျိုးစုံ အသုံးပြုခဲ့ကြရပါတယ်။ တစ်ခြား အင်္ဂလိပ်စာ စာလုံးတွေနေရာမှာ မြန်မာစာလုံးတွေ အစားထိုးပြီး အသုံးပြုခဲ့ကြတဲ့ ANSII စနစ်အပေါ် အခြေခံတဲ့ Win Myanmar စနစ်၊ နောက်တော့ ယူနီကုဒ်အသင့်မဖြစ်သေးတဲ့အချိန် Web ပေါ်မှာ သုံးနိုင်အောင် တီထွင်ခဲ့ကြတဲ့ မြစေတီစနစ်၊ ဇော်ဂျီစနစ် စသည်ဖြင့် အသုံးပြုခဲ့ကြပါတယ်။ အဲဒီစနစ်တွေက လိုအပ်ချက်အရ အဲဒီအပြင် အကန့်အသတ်တွေအရ ထွက်ပေါ်လာခဲ့ကြတာပါ။ အခုအချိန်မှာတော့ တိုင်းရင်းသား စာလုံးတွေပါ တစ်ပါတည်း ပါဝင်တဲ့ ယူနီကုဒ်စနစ်ဟာ အသင့်ဖြစ်နေပါပြီ။ အဲဒီစနစ်ကို နိုင်ငံတကာကလဲ စံစနစ်အဖြစ် သတ်မှတ်ပြီး ဖြစ်သလို၊ မြန်မာနိုင်ငံမှာလဲ မဖြစ်မနေ ပြောင်းလဲအသုံးပြုရမယ့် စံစနစ်အဖြစ် သတ်မှတ်ပြီး ဖြစ်ပါတယ်။ အဲဒီအတွက် ယူနီကုဒ်ကို ပြောင်းလဲ အသုံးပြုလိုက်မယ်ဆိုရင် စံစနစ်တစ်ခုတည်း ဖြစ်ရေး လိုအပ်ချက်အပေါ်မှာ ကျွန်တော်တို့ ပူပေါင်းပါဝင် ဆောင်ရွက်ပြီး ဖြစ်ပါလိမ့်မယ်။

Unicode ပြောင်းသုံးကြစို့Where stories live. Discover now