မြန်မာယူနီကုတ် စာ၇ိုက်နည်း

527 13 0
                                    


#Credit
⌨️ မြန်မာယူနီကုတ် စာရိုက်နည်း ⌨️

မြန်မာယူနီကုဒ်စာရိုက်နည်း က မြန်မာစာ စသင်ခဲ့တုန်း က သင်ပုန်းကြီးစနစ်အတိုင်း၊ မိမိစာလုံးပေါင်းတဲ့အတိုင်း ရိုက်ရတဲ့အတွက် ဇော်ဂျီနဲ့ စာရိုက်နည်း က အနည်းငယ်မတူပါဘူး

"ြ (ရရစ်)" ဆိုကြပါစို့ ဇော်ဂျီမှာ က ဗျည်းရဲ့ အရှေ့မှာ ရေးပြီး ရိုက်ရတယ်။ ယူနီကုဒ်မှာက "ြ (ရရစ်)" ကို နောက်မှ ရေးရတယ်

ဥပမာ – "ပြောင်း" ဆိုတဲ့ စာလုံးကို ရိုက်မယ်ဆိုလျှင်

ဇော်ဂျီမှာတုန်းက —ေ +ြ + ပ +ာ + င +် +း
(ရရစ် "ြ" ကို "ပ" ရဲ့ အရှေ့မှာ အရင်ရေးရတယ်)

ယူနီကုဒ်မှာက —ေ + ပ +ြ +ာ + င +် +း
(ရရစ် "ြ" ကို စာလုံးပေါင်းတဲ့အတိုင်း "ပ" ရဲ့ အနောက်မှာ နောက်မှရေးရတယ်)

လေ့ကျင့်ရန် – ကြ၊ ကြောင်း၊ ခြောင်း၊ ဗြောင်း၊ မြောင်း

✏️"ဝိရာမ (်)" နဲ့ ပါဌ်ဆင့် ရေးခြင်း✏️

ပါဌ်ဆင့် ရေးတဲ့အခါ "ဝိရာမ (်)" ကို ကိုယ်ထပ်လိုတဲ့ ဗျည်းရဲ့ အနောက်မှာ ရေးပြီးမှ ပါဌ်ဆင့် ဆင့်ရပါတယ်

ဥပမာ – စကျကူ
ရေးနည်း — စ + က +် + က +ူ

လေ့ကျင့်ရန် – သစ္စာ၊ သတ္တိ၊ မေတ္တာ၊ ဥပေက္ခာ၊ လိမ္မော်သီး၊ ကိန္နရီ ကိန္နရာ၊ ပဉ္စ၊ ဣ‌နြေ္ဒ

✏️"ဝိရာမ (်)" နဲ့ ကင်းစီး (င်္) ရေးခြင်း✏️

"ကင်းစီး (င်္)" တင်သည့်အခါ "ဝိရာမ (်)" ကို ကိုယ်တင်လိုတဲ့ ဗျည်းရဲ့အရှေ့မှာ ဦးစွာအရင်‌ရေးရပါတယ်

ဥပမာ – ဂင်္ဂါ
ရေးနည်း — ဂ + င +် +် + ဂ +ါ

လေ့ကျင့်ရန် – မင်္ဂလာ၊ သင်္ကန်း၊ သင်္ကြန်၊ ခြင်္သေ့၊ သင်္ဘော၊ အင်္ကျီ၊ သိင်္ဂီ၊ သင်္ဂြိုလ်၊ သင်္ချိုင်း

✏️ပါဌ်ဆင့်ထူးများ ရေးခြင်း✏️


ရေးနည်း — ဏ +် + ဍ


ရေးနည်း – ဋ +် + ဌ

ဍ်ဎ
ရေးနည်း — ဍ +် + ဎ

ဏ္ဌ
ရေးနည်း — ဏ +် + ဌ

လေ့ကျင့်ရန် – ဘဏ္ဍာ၊ မဏ္ဍပ်၊ ဆဋ္ဌမ၊ ဥက္ကဋ္ဌ၊ အာယုဝဍ်ဎန၊ ဂုဏဂုဍ်ဎ၊ ပုံသဏ္ဌာန်

‼️မြန်မာစာရေးနည်း တွင် သတိထားရမည့် အချက်များ‼️

၁။ "ဝ (ဝလုံး) နဲ့ ၀ (သုည)" အသုံးမတူပါဘူး
၂။ "ဈ (ဈမျဉ်းဆွဲ) ✅ နဲ့ ဈ (စလုံးယပင့်) ❌" မတူပါဘူး
၃။ "ဥ (အက္ခရာဥ) နဲ့ ဉ (ညကလေး)" အသုံးမတူပါဘူး
၎။ "ဩ (အော) ✅ နဲ့ ဩ (သ ရရစ်) ❌" မတူပါဘူး
၅။ "ဌ (ဌဝမ်းဘဲ) နဲ့ ဋ္ဌ (ဋ + ဌ ပါဌ်ဆင့်)" အသုံးမတူပါဘူး

⭕ ထိုစာလုံးများသည် စာရေးသူအပါအဝင် အတော်အများ သတိမထားမိကြဘဲ မှားနေတတ်ပါတယ် ⭕

(ယခုပိုစ်ကို သိမ်းထားမှတ်ထားခြင်း၊ Save ထားခြင်း၊ ပြန်လည်မျှ‌ဝေခြင်း ဖြင့် ကူညီဆောင်ရွက်ပေးပါ)

မျွဝေသူ – Aung Kyaw Min (James Kyaw)

Unicode ပြောင်းသုံးကြစို့Where stories live. Discover now