စာစဉ် ၁၈ ( ၁၁ + ၁၂ )
9.7K 851 18
Book.              :   18
Chapter.          :  11 + 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၈၊ အခန်း ၁၁။ သေချာပေါက် နောက်ကကာကွယ်ပေးမယ်
သူ ၊ သူမအား ကြည့်နေသည့်ပုံစံကြောင့် ရီဝမ်ဝမ်၊ ကြက်သီးမွေးညင်းတို့ပင် ထသွားရတော့သည်။
“ရှင် ကျွန်မကို ဘာလို့ ကြည့်နေတာလဲ”
စိတ်ထဲတွင်မူကား၊ “မင်းက အရမ်းလှလို့” ဟု ပြောလာမည်လားဟု မျှော်လင့်လို့နေလျက် ။
စီရီဟန်၊ မျက်လုံးတို့ ကြုံ့သွားတော့ပြီး မေးလာသည်ကား ။
“ကိုယ့်ကို မကြောက်တော့ဘူးလား”
ဒါကို ကြားလိုက်သည်မှ ၊ နောက်ဆုံးတွင်၊
သူမသည် အကြောက်အလန့်မရှိ စကားပြောဆိုနေခြင်းဖြစ်သည်ကို သတိရမိသွားတော့သည်။ သူမလေး၊ ရင်ဘတ်တစ်ချက် ဒိန်းခနဲ ခုန်တက်သွားတော့ပြီး၊ ကိုယ့်ကိုယ်ကို အတင်းတည်ငြိမ်အောင် လုပ်ယူလိုက်ကာ စကားထစ်အစွာဖြင့် ဆိုလာတော့သည်။
“ဘာ…ဘာကြောက်စရာ ရှိလို့လဲ။ ရှင်က စက္ကူကျားသာသာပဲ ရှိတော့တာကို။ ရှင် ကျွန်မကို ထပြီးစားပစ်နိုင်မယ့်ပုံလည်း မပေါ်ပါဘူး”
စီရီဟန်၊ လေးလေးနက်နက်ကြီး ရယ်မောချလာရာ ။
“စမ်းကြည့်ချင်လား”
ရီဝမ်ဝမ်၊ မျက်နှာတို့ မည်းမှောင်ကျသွားရတော့သည်။
“စနေတာ ရပ်။ အိပ်တော့”
လေထုသည်ကား ဟင်းသီးဟင်းရွက်ရနံ့တို့ သင်းထုံလို့နေလျက် ။ နေရောင်ခြည်တို့သည်ကား သစ်ရွက်တို့အကြားကနေ ဖြာကျလို့နေ လျက်၊ မိန်းကလေး၏ကိုယ်ပေါ်တွင် ကခုန်လို့နေသလို သူမလေး၏ပါးပြင်လေးပေါ် ဖြာဝေလို့နေချေသည်။ သေသေချာချာကြည့်မည်ဆိုလျှင် သူမလေး ကိုယ်ပေါ်က လှပသည့်မွေးညင်းလေးတို့ကိုပင် ကျော့ကျော့မော့မော့လေး မြင်တွေ့နိုင်ပေသည်…
သူမလေး သူ့အား ကြည့်နေသည်ဖြစ်ရကား၊
သူ့ရဲ့ကျောပေါ်က တင်းတောင့်နေမှုတို့နှင့် မှိုင်းမှုန်နေမှုအားလုံး
တို့သည် ဒီအခိုက်တွင်ပင် ပျော်ကျသွားဟန်တူသည်…