Zawgyi
"ဗွမ်း"
မျက်နှာပေါ်သို့လောင်းချလိုက်သည့်ရေများ
ကြောင့်အိပ်နေရာမှလန့်နိုးလာရလေသည်။"ထစမ်း..ဟျောင့်...အခုထ"
"အစ်ကိုလေး...ဘာဖြစ်လို့လဲ"
"ခိုင်းစရာရှိလို့"
"ဗျာ....ဒီ...ဒီချိန်ကြီး"
အပြင်မှာအလင်းရောင်တောင်မတွေ့ရသေး
ဒီချိန်သည်လူတိုင်းအိပ်မောကျနေသော
မနက်၂နာရီအချိန်ပင်ဖြစ်သည်။"ဒီချိန်ကြီး.. ဘာဖြစ်လဲ ခိုင်းလို့မရဘူးလား"
"မဟုတ်ပါဘူး ရပါ...."
"တော်စမ်း!! ငါဆေးလိပ်သောက်ချင်လို့
သွားဝယ်ပေး""ဗျာ"
"ငါပြောတာမကြားဘူးလား မင်းနားကန်း
နေလား""ကြား...ကြားပါတယ် ဒါပေမဲ့ဒီချိန်ကြီး
ဆေးလိပ်ကဘယ်ကရ...""မင်းလျှာမရှည်နဲ့ မရရအောင်ဝယ်ခဲ့
သွား...အခုသွားဝယ်""ဟုတ်...ဟုတ်ကဲ့"
"နေဦး...၁၀မိနစ်အတွင်းအရောက်ပြန်
လာခဲ့...ရောက်မလာရင်""အ...အပြစ်ဒဏ်"
"Ok...သွားတော့"
အခန်းထဲကထိုကောင်လေးထွက်သွား
သည်နှင့်ဘောင်းဘီအိတ်ထဲကဆေးလိပ်
ဘူးကိုထုတ်ကာတစ်လိပ်ဖွာနေလိုက်သည်။အခုတလော အရမ်းလိမ္မာပြီး ခိုင်းသမျှ
သေချာလုပ်နေတာ ရှာကြံခိုင်းတာတောင်
အကုန်လုပ်နိုင်တာ ကြည့်မရတော့လို့.....
ဟက် ဒီတစ်ခါတော့
မင်းငါ့လက်ထဲကပြေးမလွတ်တော့ပါဘူး။ဝရန်တာတွင်ထိုင်ကာ ဆေးလိပ်ဖွာပြီး
ထိုကောင်လေးပြန်အလာကိုစောင့်နေသူက
တော့တစ်နိုင်ငံလုံးမှာအချမ်းသာဆုံး
စာရင်းဝင်နံပါတ်တစ်ချိတ်တဲ့သူဌေးကြီး
Jeon Nam Joon ၏တစ်ဦးတည်းသော
သားJeon Jung Kook.....တစ်နည်းအားဖြင့်
JKလုပ်ငန်းစု၏ဆက်ခံသူလည်းဖြစ်သည်။ချမ်းလည်းချမ်းသာအဖေဖြစ်သူကလည်း
အလိုလိုက်ထားတော့ဆိုးချင်တိုင်းဆိုးနေ
သည့် အသက်23နှစ်ရှိပြီဖြစ်သော
ထိုကောင်လေး။
အသားဖြူဖြူအရပ်ရှည်ရှည်ခန္ဓာကိုယ်
တောင့်တောင့်ဖြင့်ထိုကောင်လေးဟာ
အရမ်းကိုချောမောပြီးကြည့်ကောင်းလှသည်။
![](https://img.wattpad.com/cover/201593702-288-k4246.jpg)
YOU ARE READING
I Love You But I Hate You (Completed)[Zaw+Uni]
Short Storyကျွန်တော်တို့နှစ်ယောက်ဟာ အမုန်းနဲ့စပြီးအချစ်နဲ့အဆုံးသတ်တယ် 💕 ဒါပေမဲ့.......... ကျွန်တော်တို့နှစ်ယောက်ဟာ အမုန်းနဲ့စပြီးအချစ်နဲ့အဆုံးသတ်တယ် 💕 ဒါပေမဲ့.......... (Zawgyi + Unicode)