အပိုင်း ၉

3.5K 235 0
                                    

"အန်တီ ရိပေါ် ခုထိ ပြန်မရောက်သေးပြန်ဘူးလား?"

ရှောင်ကျန်း အလုပ်ကပြန်လာရင်း စိတ်မရှည်စွာမေးလိုက်ခြင်း ဖြစ်သည်။

"အေး..သားရယ် နေလည်းသိပ်ကောင်းသေးတာ မဟုတ်ဘူးကို ဘယ်တွေလျှောက်သွားနေပြန်လဲ မသိဘူးကွယ်.."

ကျစ်!မင်း ဘာတွေလျှောက်လုပ်နေတာလဲ ဝမ်ရိပေါ်။

ဟုတ်ပါတယ်။ရိပေါ် ခုဆိုဆေးရုံက ဆင်းတာ ၁ပတ်လောက်ရှိနေပြီ။အဲ့ ကားအက်ဆီးဒန့် ဖြစ်ပြီးထဲက သူတော်တော် ပြောင်းလဲသွားခဲ့တာ၊အရင်လို ရိပေါ် မဟုတ်တော့ဘူး။ကျွန်တော့် စကားဆို အရင်က ပြန်တောင် ခံ မပြောခဲ့တဲ့ ကောင်လေးက ခုတော့ အကုန်ဆန့်ကျင်ဘက်တွေ ဖြစ်ကုန်ပြီ။

ပြီးတော့ ခုဆို သူ ကျွန်တော် မကြိုက်တာတွေ အကုန်လုပ်တယ်။ကျွန်တော်က သူ ညအိမ်ပြန်နောက်ကျတာကို အရင်တည်းက မကြိုက်မှန်း သူသိရက်နဲ့ ခုရက်ပိုင်းတွေဆို ညကို တော်တော်မှောင်မှ ပြန်လာတယ်။

ကုန်ကုန်ပြောရရင် သူ ခုတလော ကျွန်တော် မကြိုက်တာတွေချည်းပဲ အရွဲ့တိုက်လုပ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်။

ဒါပေမဲ့ ဘာလို့အဲ့လိုတွေ လျှောက်လုပ်နေလဲဆိုတဲ့ အကြောင်းပြချက်ကိုတော့ ကျွန်တော် တကယ် စဉ်းစားမရဘူး။ကျန်ချန်း ကျွန်တော့်ကို ပြောပြခဲ့တဲ့ကိစ္စကြောင့် ရိပေါ် အပေါ်ကို ကျွန်တော် အမြင်တွေ ပြောင်းသွားခဲ့ပြီး ညီလေးတစ်ယောက်လို ဆက်ဆံပေးဖို့ ဆုံးဖြတ်ပြီးပင်မယ့် သူ့ဘက်ကတော့ အရင်လို မဟုတ်တော့ဘူး။ကျွန်တော်နဲ့ဆို စကားကောင်းကောင်းကို ပြောလို့မရဖြစ်နေခဲ့တာ ခုလို အခြေအနေတွေ ဖြစ်ကုန်တဲ့ အထိပဲ။

ကျွန်တော်နဲ့ ယွမ်ရဲ့ စေ့စပ်ပွဲက လာမယ့်အပတ်ထဲမှာရှိတာ။စေ့စပ်ပွဲပြီးတာနဲ့ နောက်တပတ်ထဲမှာပဲ ကျွန်တော်တို့ လက်ထပ်ပွဲ။ကျွန်တော်တို့ လက်ထပ်ပြီးရင် ယွမ်တို့ပါးက ဒီမှာမနေစေချင်ဘူး၊သူတို့ အမျိုးတွေရှိတဲ့ အမေရိကားမှာ သွားပြီးနေစေချင်တယ်တဲ့။အဲ့မှာက ကျွန်တော့်ရဲ့ ကုမ္ပဏီခွဲ တစ်ခုလည်းရှိတော့ ကျွန်တော့်အတွက်လည်း အဆင်ပြေသလို၊ယွမ့်အတွက်ကလည်း သူတက်ရမယ့် အနုပညာကျောင်းလည်း ရှိတော့ အဆင်ပြေသွားတာပေ့ါ။

Absolute boyfriend (Unicode)💚[complete]Where stories live. Discover now