I should've first

560 65 9
                                    

Ting!

Assignmentရေးနေရင်း စားပွဲပေါ်မှာမှောက်တင်ထားတဲ့phဆီကnotiဝင်လာလေတယ်။

စာလုပ်နေတဲ့အချိန်ဖြစ်တာမို့ phကိုကောက်ကြည့်ဖို့ ဘတ်ဟျွန်းမှာစိတ်ကူးမရှိဘူး။

သို့ပေမယ့် အဆက်မပြတ်ဆိုသလိုတတောင်တောင်နဲ့ဝင်လာတဲ့ph notiသံကြောင့် ကျစ်ခနဲစုတ်သပ်ရင်း noti offပစ်မည်ဟုစိတ်ကူးကာ phအားလှမ်းယူလိုက်တော့သည်။

အဆက်မပြတ်ဝင်လာတဲ့notiတွေက ဘတ်ဟျွန်းတို့သူငယ်ချင်းတစ်သိုက်ရဲ့gp chatကလွဲတစ်ခြားမဖြစ်နိုင်။

အရေးမကြီးတာမို့ အသံပိတ်ထားမည်ဟုတွေးလိုက်ခြင်းပင်။

Noti barကိုဆွဲချရင်းအသံပိတ်ဖို့လုပ်နေတုန်းမှာပင် မြင်လိုက်ရတဲ့စာကြောင့် ဘတ်ဟျွန်းလက်တို့တုန့်ခနဲ။

အဲ့စာကတော့

real_pcy:ကောင်မလေးနဲ့-.-

ဟူသည့် စာပင်ဖြစ်လေ၏။

စာနှင့်အတူတွဲပို့ခြင်းခံထားရတဲ့ပုံလေးကလဲလှပလို့ပင်။

ပုံထဲတွင်ချန်းယောလ်ရဲ့ရင်ခွင်ကျယ်ကြီးထဲမျက်နှာအပ်ပြီး ခါးကိုတင်းနေအောင်ဖက်ထားသည့်ကောင်မလေးကို ချန်းယောလ်ကပြန်လည်ဖက်တွယ်ထားကာ ပြုံးနေလေတယ်။

ရင်ထဲဟာခနဲဖြစ်သွားသည့်ခံစားချက်နဲ့အတူgp chatထဲသို့ဘတ်ဟျွန်းဝင်လိုက်ပြီး စာတွေကိုလိုက်ဖတ်ကြည့်မိတော့တယ်။

zkdlin: မင်းကောင်မလေးကဘယ်ကလဲ ဘယ်တုန်းကလဲ ငါတို့လဲမသိရပါလား

oohsehun: ဟိတ်ကောင်! အဖြေရတာမြန်လှချည်လား

real_pcy: ဘယ်သိမလဲ ငါ့ကောင်မလေးကိုမင်းတို့ပါကြိုက်ကုန်ကြမှာစိုးလို့ ဥထားတာ:3

ကောင်မလေး? ချန်းယောလ်က?

gpထဲတွင်အကုန်လုံးလိုလိုကချန်းယောလ်ကောင်မလေးရခြင်းအပေါ်မေးမြန်းကြ ဂုဏ်ပြုကြနဲ့ စာတွေမထပ်ရအောင် ဖြစ်နေခဲ့ပေမယ့် ဘတ်ဟျွန်းကတော့ဘာမှဝင်မပြောနိုင်ခဲ့ဘူး။

ဝင်မပြောနိုင်ဘူးဆိုတာထက် ဘာပြောလို့ပြောရမှန်းမသိတာဆိုပိုမှန်မယ်ထင်တယ်။

One Sided LoveWhere stories live. Discover now