Sunshine

167 19 4
                                    


ဒီနေ့ကတနင်္ဂနွေနေ့။

ဘတ်ဟျွန်းတို့စာမေးပွဲပြီးသွားတာလည်းတစ်ပတ်ကျော်ပြီဖြစ်သည်။ ကျောင်းပိတ်ထားသော်လည်း ဘတ်ဟျွန်းရဲ့နေ့ရက်တွေကမထူးခြား။ ပုံမှန်ထက်ငြီးငွေ့ဖွယ်ကောင်းသည့်အချိန်တွေပိုင်ဆိုင်ထားရသည်ပဲအဖက်တင်သည်ဖြစ်၏။

တစ်နေ့တာရဲ့အချိန်တော်တော်များများက အခန်းထဲကကုတင်ပေါ်တွင်သာကုန်ဆုံးဖြစ်နေပြီး အလုပ်ဆို၍လည်း ဘတ်ဟျွန်းအတွက် ပက်လက်မှမှောက်ခုံ ၊ မှောက်ခုံမှပက်လက်ဟူသော ကုတင်ပေါ်တွင်လူးလှိမ့်ရသည့်အလုပ်သာရှိနေသည်။

ပျင်းရိဖွယ်ကျောင်းပိတ်ရက်တွေကိုဘတ်ဟျွန်းမြန်မြန်ကုန်‌ဆုံးစေချင်သည်။ တစ်နေ့တစ်နေ့စာတွေလုပ်ရင်းလုံးပမ်း‌နေရသည့်‌ကျောင့်ဖွင့်ချိန်ကလွဲဘတ်ဟျွန်းမှာလွမ်းစရာအခြားမရှိ။ ရှိလျှင်တောင် အဲ့တာကဘတ်ဟျွန်းလွမ်းခွင့်ရှိသည့်လူမျိုးမဟုတ်။ ဆိုင်သူရှိနေသည့်လူတစ်ယောက်အား လွမ်းနေပါသည်ဟု ခေါင်းစဉ်တပ်ဖို့ကမသင့်ဟု ထင်သည်။

ကုတင်ပေါ်လှဲ၍စာဖတ်နေရင်းမှ နံဘေးတွင်ချထားသည့် ဖုန်းဆီမှ တစ်တောင်တောင်မြည်သံနဲ့အတူဝင်လာသည့်စာတွေကြောင့် gh chat,ထဲ ဆယ်ဟွန်းနှင့်ဂျုံအင်တို့ပုံတွေပို့နေကြသည်မှန်း သဘောပေါက်လိုက်သည်။

ဒီကျောင်းပိတ်ရက်အတွင်းဆယ်ဟွန်းနဲ့ဂျုံအင်က မင်ဟော့ရဲ့ဇာတိဖြစ်တဲ့ အူဆန်သို့လိုက်လည်သည်ဟု ဖုန်းအဆက်အသွယ်ရဘတ်ဟျွန်းသိထားပြီးဖြစ်သည်။

နေ့ညမပျက်တစ်တောင်တောင်မြည်ကာဝင်ရောက်နေသည့်gp chatထဲကစာတွေကိုဘတ်ဟျွန်းဝင်မဖတ်ဖြစ်တာ သုံးရက်ခန့်ရှိလောက်မည်။ အကြောင်းကတစ်ခြားမဟုတ် ဆယ်ဟွန်းနဲ့ဂျုံအင်တို့၏ပုံတွေချည်းဖြစ်သည်မို့ ဘတ်ဟျွန်းအထွေထူးလုပ်ပြီးဝင်မကြည့်တာပဲဖြစ်သည်။

ဒေါက်! ဒေါက်! ဒေါက်!

ကုတင်ပေါ်ပက်လက်နေနေရင်းမှ အခန်းတံခါးခေါက်သံကြောင့် ဘတ်ဟျွန်းထထိုင်လိုက်သည်။

'ကျွန်တော် လော့ခ်မချထားဘူးမေမေ ဝင်ခဲ့လေ'

ဒီတိုက်ခန်းထဲ‌သူနဲ့မေမေနှစ်ယောက်ထဲနေတာမို့ တံခါးခေါက်သည်ကမေမေကလွဲတစ်ခြားသူမရှိနိုင်တာကြောင့် ဘတ်ဟျွန်းပေါ့ပေါ့ပါးပါးပဲပြန်ဖြေဖြစ်သည်။

One Sided LoveWhere stories live. Discover now