Ep-5(z+u)

11.3K 671 5
                                    

[Zawgyi]
နုနယ်လွန်းသည့်ကလေးဟာxiaozhanလုပ်ရပ်တွေကို အရမ်းကြောက်ပြီးသတိမေ့နေသည်
xiao zhan yiboကိုပိတ်ထားသည့်
အခန်းထဲဝင်လာသည်

မနက်စောစော ဒီကောင်လေးကိုနှိပ်စက်ရအုန်းမယ်မလား
အခန်းထဲဝင်သွားသည်နှင့် ခုံပေါ်တွင် ခေါင်းငိုက်စိုက်ကျနေသည်ကိုxiaozhanမြင်တော့ ရင်ထဲတော့မကောင်း
ပါးတွင်လည်းသွေးတွေက မြင်မကောင်းပေ

yiboနားက်ုချက်ချင်းရောက်လာပြီး နိုးနေသည်

"yibo အာ ကိုယ်တွေပူကျစ်နေတာပဲ မင်းဒီလိုပုံစံနဲ့သေလို့မဖြစ်သေးဘူး " ဆိုကာမျက်စိကိုစည်းထားသည့်ပိတ်စကိုဖြေပေးသည် ထို့နောက် ခြေထောက်က ကြိုးကိုဖြည်ပေးကာ လက်ကိုချည်ထားသည့်ကြိုးကိုလည်းဖြည်သည်

အို့ မင်းဘာလို့အဲ့လောက်ထိနုရတာလဲ ကြိုးချည်ခံထားရသည့်လက်ကောက်ဝတ်ကလေးတွေကရဲပြီး သွေးခြေတောင်ဥနေပါပြီ

ထို့နောက် သူ့ရင်ခွင်ထဲ ပြိုဆင်းလှသည့် yiboကိုယ်လေး

"ပူကျစ်နေတာပဲ "

yiboကိုပွေ့ချီကာ သူ့ရဲ့ အိပ်စက်ရာ ကုတင်ဆီသို့ လျှောက်လာသည်

ကုတင်ပေါ်ဖြေးညှင်းစွာတင်ပေးလိုက်ပြီး
ပါးပေါ်ကသွေးစီးကြောင်းများကို အဝတ်ကိုရေစွက်ကာ တယုတယသုတ်ပေးနေသည်

ရေနှင့်ထိတော့ အနာကစပ်သည်ထင်ရသည် yiboလေးတွန့်တွန့်သွားသည် အဖျားကလည်းတက်နေသည်မို့ yiboတော်တော်အေးနေပုံရသည် ထို့ကြောင့်xiaozhan သူခြုံနေကျ ဂွမ်းကပ်စောင်အနီလေးအား ခြုံပေးလိုက်တော့ စောင်တွင်းကွေးဝင်သွားသည့်ထိုကလေး

"မသေနဲ့အုန်း ငါမင်းကိုနှိပ်စက်ရအုန်းမှာ"
xiao zhanသူ့တပည့်ကို Family dr.ကိုအသည်းအသန်ခေါ်ခိုင်းကာ ထိုကလေးအဖျားကျမှဖြစ်မည် နောက်မို့ဆို သူတောင်မနှိပ်စက်ရသေးဘူး ရုတ်တရက်သေသွားလို့မဖြစ်

Dr.ရောက်လာသည်အထိ xiaozhan
yiboဘေးနားရှိနေပေးသည်

ဘာရယ်မဟုတ် ထိုကလေးမျက်နှာအစိတ်အပိုင်းတစ်ခုချင်းဆီကို မျက်စိကစားနေသည်

သိပ်ကိုနူးညံ့လွန်းပါလားမင်းကတကယ့်အခြောက်လား ဘာလို့ငါ့ကိုချစ်မိရတာလဲကွာ မင်းငါ့ကိုချစ်တာ ငါလက်မခံနိုင်သ၍ မင်းကိုငါနှိပ်စက်နေအုန်းမှာ Yibo
သူ့တွေးကောင်းတုန်း အခန်းတံခါးခေါက်သံ

Will You Marry Me?Where stories live. Discover now