[Zawgyi]
xiaozhanမနေနိုင်တော့သည့်အဆုံး yiboကိုတွေ့အောင်လုပ်ရမည် ဆိုးတာက ဘယ်မှာသူရှာရမလဲ yixingအိမ်မှာလား zhuochengအိမ်မှာများလား ဒါမှမဟုတ် ဆေးရုံမှာများလား"ကျစ်'~~~~~~ဘာတွေဖြစ်နေတာလဲငါ"
ကိုယ့်ဟာကိုဒေါသထွက်၍ စာကြည့်စားပွဲရှိ အရာအားလုံးကို ရိုက်ချမိသည်
"အားးးးးးးးးးးး ရူးတော့မယ် "
***********"ဆေးရုံကနေ သပတ်ခါလောက်ဆိုဆင်းလို့ရပီတဲ့Yibo"
"အင်း ဆေးရုံကဆင်းရင် yiboဘယ်မှာနေရမှာလဲ"
"ကိုယ့်ဆီလိုက်နေလေ yiboရဲ့ "
"yixingကိုအရမ်းအားနာနေပြီ zhuo chengဆီပဲလိုက်နေရမလား "
"မဖြစ်ပါဘူး ကိုယ့်ဆီပဲ အရင်ကလိုပြန်နေ "
"ကျေးဇူးတင်ပါတယ် yixing ခုလို yiboကို စိတ်မပျက်ပဲ ကယ်တင်ပေးတဲ့အတွက် yixingကျေးဇူးကိုမမေ့ပါဘူး"
"ကလေးကစကားတွေတတ်နေတယ်ကဲပါ ခုရောဘာစားချင်သေးလဲ ပြောအုန်း"
"အဲ့ဒါကလေ အမဲနှပ်ကိုလေအရမ်းကိုခံတွင်းတွေ့နေတယ် ဒါပေမဲ့ yixingပိုက်ဆံတွေထိုင်ဖြုန်းမိနေတယ်"
"မပူပါနဲ့ကိုယ်က သူဌေးပါ အရမ်းကြီးမချမ်းသာပေမဲ့ yiboလေးစားချင်တာကိုတော့ ဝယ်ကျွေးနိုင်ပါတယ်"
"စိတ်ချyixing ကျွန်တော်Yibo အကိုတော်yixingဆီကအကြွေးတွေကို yixingမိန်းမမရခင်အထိ ကြေအောင်ဆပ်ပါ့မယ်"
ခုမှပဲကလေးအပြုံးတွေကိုမြင်ရတော့တယ်
"မင်းကတော့လေဘာလို့သွားပြောရတာလဲ တကယ်ပဲ "
"zhuochengကလည်း ငါမပြောလည်းကြာရင်သူသိမှာပဲကို"
"ပါးစပ်ပိတ်ထား မင်းနဲ့ဘာမှကိုဖုံးပေးလို့မရဘူး"
"………"
ဆေးရုံအခန်းအပြင်ဘက် စကားများနေကြသည့်နှစ်ယောက်ကို yixingသိလိုစိတ်ဖြင့်မေးလိုက်သည်
"ဘာဖစ်နေကြတာလဲ "
"အာ…yixing ဒီကောင်လေ ဖုံးကွယ်ထားတဲ့ကိစ္စကို သွားပြောလိုက်ပြီ"
"ဟင်! yiboသိနေပြီလား သူစိတ်အားငယ်သွားသေးလား ငိုနေသေးလား"
YOU ARE READING
Will You Marry Me?
FanfictionWill You Marry Me မင်းအဲ့စကားအဓိပ္ပါယ်ကိုသိလား Yibo ငါသိတာပေါ့ သို့ပေမဲ့ ငါမင်းကိုမဖြေရဲဘူးXiaoZhan .....................