[၇]

688 107 0
                                    

တောနက်နက် အတွင်းပိုင်း ပြေးဝင်ပြီးနောက် ယုယောင်က ထျန်ရှောင်ကို ပုန်းခိုရန် ခြုံပုတ်ကြီးထဲ ဆွဲခေါ်သွားလိုက်သည်။ သူတို့နောက် လိုက်နေသူ အရေအတွက်က မနည်း။ ထျန်ရှောင် ခြေက မသွက်၊ ထို့ကြောင့် သူတို့ သေပြေးရှင်ပြေး ပြေးလျင်သော်မှ အဖမ်းခံရသွားနိုင်သည်။ ထို့ကြောင့် သူတို့ တစ်နေရာရာ၌ အလျင်ပုန်းနေပြီးမှ ပြေးရန် အခွင့်အရေးရလာသည်အထိ စောင့်နေသည်က အကောင်းဆုံးဖြစ်ပေမည်။ 

ခြုံပုတ်အတွင်း အတန်ငယ်ကြာအောင် တိတ်တဆိတ်ပုန်းနေရင်းက ခြေသံများ တဖြည်းဖြည်းနီးကပ်သထက် နီးကပ်လာကာ၊ ကျယ်လောင်သထက် ကျယ်လောင်လာသည်ကို ကြားလိုက်ရသည်။ ယုယောင် တွေးကြည့်သည်။ ထို့နောက် ထျန်ရှောင်အား တီးတိုးပြောလိုက်သည်။ "နင် ဒီမှာပဲ ပုန်းနေ... မလှုပ်နဲ့ ... ငါ သူတို့ကို ဒီနေရာကနေ မျှားခေါ်သွားမယ်..."

သူမ ပြောလို့ မဆုံးခင် ထျန်ရှောင် သူမ လက်ကို ဆွဲထားလိုက်သည်။ "မသွားနဲ့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သူမ ပြောလို့ မဆုံးခင် ထျန်ရှောင် သူမ လက်ကို ဆွဲထားလိုက်သည်။ "မသွားနဲ့ ...!"

ယုယောင် သူ့လက်တွင်းမှ သူမလက်ကို အသာရုန်းလိုက်သည်။ "နင်ပါလိုက်လာရင်... ငါ မြန်မြန်မပြေးနိုင်ဘူး... သူတို့ သိုင်းပညာက အဆင့်မြင့်တယ်ဆိုပေမယ့်... ကိုယ်ဖော့ပညာကတော့ ငါ့လောက် ကောင်းချင်မှ ကောင်းမှာ... ငါ သူတို့ကို အရင် မျှားခေါ်ထုတ်သွားမယ်... နင် ဒီမှာ ငါ့ကို စောင့်နေ... ငါ ပြန်လာတဲ့အခါ... ငါ နင့်ကို သေချာပေါက်လာခေါ်မယ်..."

ထျန်ရှောင် သူမကို မယုံသင်္ကာနှင့် စေ့စေကြည့်နေသေးသည်။ ယုယောင် ကျိန်ဆိုလိုက်ရသည်။ "ငါ နင့်ကို လိမ်တာဆိုရင်... အသေဆိုးနဲ့ သေပါစေ...!" ထိုမှသာ ထျန်ရှောင် သူမကို အသာလွှတ်ပေးလိုက်သည်။ သို့သော် ယုယောင် ထသွားတော့မည့်ဆဲဆဲ၊ သူ သူမကို တားထားလိုက်နိုင်ပြန်သည်။ သူ သူမရှေ့သို့ တိုးဝင်လာသောကြောင့်ပင်။ သူ လျှာထုတ်ကာ သူမ နှုတ်ခမ်းကို လျက်လိုက်ပြီး ဆိုလေသည်။ "ငါ နင့်ဖြူစင်မှုကို ဖျက်ဆီးလိုက်ပြီ... ထောင်ထဲမှာတုန်းကရော အခုရောပဲ... နောင်ဆိုရင် နင် ငါ့မိန်းမပဲ လုပ်လို့ရတော့မယ်...! နင် ငါ့ကို သေချာပေါက် ပြန်လာခေါ်ရမယ်နော်...! မဟုတ်ရင်... မဟုတ်ရင်. . ." သူ အတော်ကြာကြာ စဉ်းစားနေလိုက်ရသည်။ "မဟုတ်ရင်... ငါ နင့်ကို လက်မထပ်တော့ဘူး...!"

မိုးသောက်ချိန်Where stories live. Discover now