[၈]

675 100 0
                                    

စူးဝန် သူမနောက် ပြေးလိုက်လာကာ မေးခဲ့သည်။ "အဲ့ဒီတော့ နင် အဲ့ငတုံးကို သူတို့ဆီပေးလိုက်ရပြီး ကြေကွဲပက်လက်နဲ့ တစ်ယောက်တည်း ပြန်လာရတယ်ပေါ့လေ..."

"ဒါ ငါတို့နှစ်ယောက်စလုံးအတွက် အကောင်းဆုံး ရွေးချယ်မှုပဲ..." ယုယောင် မျက်မှောင်ကျုတ်လိုက်သည်။ "ကြေကွဲပက်လက်နဲ့ ဘယ်သူ ပြန်လာတယ်လို့ ပြောလိုက်တာလဲ..."

"နင်ပါ ရောတုံးသွားတာလား... နင်က သူတို့ရဲ့ အိမ်ရှေ့မင်းသားကို ကယ်ပေးထားခဲ့တာ... သူတို့ကို ခွာလို့ရတုန်း ကြေးလေးငွေလေး ညစ်ယူလာတာမဟုတ်ဘူး..."

"ငါ သူနဲ့ အပေးအယူတော့ လုပ်ဖြစ်ပါတယ်... အဲ့အဖိုးကြီးက ငါ့ စစ်ဆင်ရေးကို ကူညီပေးခဲ့တယ်..." ယုယောင် စူးဝန်နှင့် စကားဆက်မပြောတော့ဘဲ လှည့်ထွက်လာမိခဲ့သည်။

လစ်ဟာနေသော အခန်းလွတ်အတွင်း၊ ငြိမ်ဆိတ်နေသော လုံးဝဥဿုံတိုးတိတ်မှုတို့အကြား သူမ တစ်ယောက်တည်း ရှိနေချိန်မှာ သူမ နံဘေးတတွတ်တွတ်စကားပြောနေခဲ့သော ထျန်ရှောင့်ကို သတိမရဘဲ မနေနိုင်ခဲ့။ ထျန်ရှောင်နှင့် အတူရှိနေခဲ့သော နေ့ရက်တို့ကို ပြန်မတမ်းတမိဘဲ မနေနိုင်ခဲ့ပေ။

သူမ မျက်မှောင်ကျုတ်မိသည်။ အခန်းတွင်း တိတ်ဆိတ်လွန်းနေသည်ကို သူမ မနှစ်သက်ရကား ပြူတင်းပေါက်ကို ဖွင့်ထားလိုက်မိသည်။ ပြူတင်းပေါက်ဖွင့်လိုက်တော့ ကြာစွယ်ကြာဖူးအပြည့် ရေကန်ငယ်ကို လှမ်းမြင်နေရသည်။ သူမ ထျန်ရှောင်အကြောင်း တွေးမိတော့ လွမ်းရပြန်သည်။ သူသာ ဤမြင်ကွင်းကို တွေ့ရလျင် သူ့မျက်နှာထား ဘယ်လိုရှိနေမလဲ။ သူ့မျက်လုံးလှလှတို့က အံ့ဩတကြီး ဝိုင်းစက်နေလောက်သည်။ သူ့နှုတ်ခမ်းဖျားက ချီးကျူးစာဖွဲ့နေလောက်သည်။

ယုယောင် ခေါင်းငိုက်စိုက်ချနေလိုက်သည်။ သူမ ရောဂါတစ်ခုခုဖြစ်နေသည်များလား။ သူမ နှင်းလေပွေဂိုဏ်းကို ပြန်ရောက်နေတာ တစ်လကျော်ခန့်ရှိပြီ။ သို့သော် သည်တစ်လအတွင်း သူမ ဘယ်နေရာကို ကြည့်ကြည့်၊ ထျန်ရှောင့်ရုပ်သွင်က သူမ မြင်လွှာတွင် ရိပ်ထင်နေတတ်သည်။ သူ ပျော်နေသည့်ပုံ၊ သူ စိတ်လှုပ်ရှားနေသည့်ပုံ၊ အားငယ်နေပုံ၊ ဝမ်းနည်းနေပုံတို့ကိုလည်း မြင်ယောင်ခဲ့ဖူးသည်။ သူ သူမကို ကြိုက်ကြောင်းပြောစဉ်က ပုံကိုလည်း မြင်ယောင်ခဲ့ပြီးပြီ. . .။

မိုးသောက်ချိန်Where stories live. Discover now