Part-2(Zaw Gyi & Unicode)

7.8K 589 2
                                    

Xiaozhanတစ်​​ယောက်​ အ​နေကျပ်​စွာဖြင့်​ ​လေပူတစ်​ချက်​ကို ခပ်​ဖွဖွထုတ်​လိုက်​မိ၏..

"Xiaozhanကိုဦး အားနာပါတယ်​ ဒါ​ပေမယ့်​ ဦးသားက ​ခေါ်သမျှဆရာတိုင်းကို ပြသနာတစ်​ခု မဟုတ်​ တစ်​ခုရှာပြီး စာသင်​မခံဘူး.. အခု သူ လိုလိုလားလား​တောင်းဆိုတာ Xiaozhanက ပထမဆုံး ဆို​တော့"

"ဟုတ်​..ကျွန့်​​တော်​နားလည်​ပါတယ်​.. ဒါ​ပေမယ့်​ ကျွန်​​တော့်​ မှာကလဲ.."

"Xiaozhanတက္ကသိုလ်​​ကျောင်းသားဘဝတိုင်းက Guideပြဘူးတယ်​လို့ ဦး ကြားတယ်​"

"ဟုတ်​ပါတယ်​..စာက ကျွန်​​တော်​အဆင်​​ပြေ​ပါတယ်​..ဒါ​ပေမယ့်​ ကျွန်​​တော့်​ အလုပ်​​တွေနဲ့ အချိန်​​တွေက .."

Mr.Wangက Xiaozhan ပခုံးကို ဆုပ်​ကိုင်​ကာ

"ဦးအနူးအညွတ်​ ​တောင်းဆိုပါတယ်​ Xiaozhanရယ်​.. ဦးကို ကူညီ​ပေးပါ.. Yiboကိုဒီလိုဆိုးသွမ်း​နေတဲ့က​လေးတစ်​​ယောက်​အဖြစ်​ဦး မမြင်​ချင်​ဘူး.. "

Xiaozhan ငြင်းလိုက်​ချင်​​ပေမယ့်​ သူ့ရဲ့ နဂို အခံရှိ​သော အားနာစိတ်​က လက်​မခံ..

"​ကောင်းပါပြီ ဦး..ကျွန်​​တော်​လက်​ခံလိုက်​ပါမယ်​..ဒါ​ပေမယ့်​ တစ်​ပတ်​မှာ သုံးရက်​ထဲ ကျွန်​​တော်​ အချိန်​​ပေးနိုင်​မယ်​ ​"

"ရပါတယ်​ Xiaozhan ရယ်​ ဦး အရမ်း ​ကျေးဇူးတင်​ပါတယ်​"

မလှမ်းမကမ်း မှ ခိုးနား​ထောင်​​နေ​သော Yiboမှာ သုံးရက်​ထဲဆို​သော​ကြောင့်​ နှုတ်​ခမ်းဆူသွားမိ​သောလည်း အပတ်​တိုင်း သူ့ အနီးနားမှာ ဒီလူကို ​တွေ့ ရ​တော့မယ်​ဆို​သောအသိ​ကြောင့်​ကြည်​နူးသွားပြီး သူ့ကို လှမ်းကြည့်​​နေ​သော Xiaozhan ကို ပြုံးပြလိုက်​၏..

Xiaozhan မှာ​တော့ Yibo၏ လူယုတ်​မာအပြုံးမ်ျုးကို မြင်​ကာ မအီမသာ ခံစားလိုက်​ ရ၏..

* * *
စာ စ သင်​​ပေးရမည့်​၏ ပထမဆုံး​နေ့ဖြစ်​​သော​ကြောင့်​ Xiaozhan တစ်​​ယောက်​ Wang အိမ်​​တော်​ကိုချီတက်​ခဲ့ရ၏..ည က ညဉ့်​နက်​တဲ့အထိ Designတစ်​ခုဆွဲ​နေတာ​ကြောင့်​ လူက အိပ်​​ရေးက မဝ ​ပေ.. မနက်​တိုင်း ph ​ပြော​နေကြ ချစ်​သူကို​တောင်​ ph မ​ပြောနိုင်​ပဲ​စော​စောစီးစီး လာ​ပေးရ​သော​ကြောင့်​ စိတ်​က သိပ်​မကြည်​..

Choice Where stories live. Discover now