Part-17(ZC & UC)

6.5K 440 36
                                    

တစ်စထက်တစ်စ ပိုမို ပြင်းပြလာသော နေရောင်နဲ့အတူ အိပ်မောကျနေသော Yiboကို သူ တစိမ့်စိမ့်ထိုင်ကြည့်နေမိသည်..ဗလာကျင်းနေသည့် ခန္ဓာကိုယ်ကို စောင်က တစ်ဝက်တစ်ပျက်သာ ခြုံထားသောကြောင့် ဖြူဖွေးဥနေသည့် အသားပေါ်မှာ ညက သူပေးထားသည့် နီရဲရဲ အရာများက အများအပြားရှိနေပုံက ပေါ်နေလျှက်..ပခုံးနုနုလေးကို အသာ နမိး သည်..နောက်ဆုံး ဒီကလေးလေး သူ့ရင်ခွင်ထဲ ပြန်ရောက်လာခဲ့ပြီ..မျက်နှာပေါ်မှ အစိတ်အပိုင်းလေးတစ်ခု ချင်းဆီကို မြတ်နိုးစွာ တိုထိကာ နုတ်ခမ်းဖူးဖူးလေးကို ဖိကပ်နမ်းလိုက်ပြီး..

"Babe..ထတော့လေကွာ"

"ဟင်..အင်း"

မျက်နှာလေးက ရှုံမှဲ့စွာ ဟိုဘက်လှည့်သွားပုံကချစ်စဖွယ်..Xiao Zhanက ဖြူဖွေးနေသည့် လည်တိုင်လေးကို ဖိ ကိုက်လိုက်ကာ..

"ထတော့ Babe..ဆယ်နာရီထိုးနေပြီ..သားကိုတောင် ကိုယ် ကျောင်းပို့ပြီးသွားပြီ"

"ခဏလေး ကိုကိုရာ..အိပ်ချင်သေးတယ် "

"အခုမထရင် တစ်နေ့လုံး အိပ်ရာထဲက မထွက်နိုင်အောင်ကိုယ်လုပ်ပလိုက်မှာနော်"

Yiboက သူ့စကားကြောင့် ကုန်းထလာပြီး.

"ထ ပြီ..ထပြီ.."

"ဟားဟား..ကိုယ့်ကိုအဲ့လောက်ကြောက်ရလား Babeရဲ့"

"ကြောက်တာပေါ့..ညက ကိုကို့ကြောင့် ကျွန်တော် အခုတောင်.."

"ဘာဖြစ်လဲ..ဆက်ပြောလေ"

"မပြောပါဘူး..ကိုယ် လုပ်တာ ကိုယ်သိပေါ့ အဘိုးကြီးရဲ့"

"ဟားဟား..အရမ်းနာနေလား..Sorryပါကွာ"

"ရပါတယ်.."

"ရေချိုးတော့ ကိုယ် Breakfast ပြင်ထားတယ်..ထနိုင်ရဲ့လား..ချီပြီး ပို့ပေးရမလား"

"ကျွန်တော် အဲ့လောက်ထိ မပျော့ပါဘူးဗျာ..မလိုပါဘူး..Morning Kiss..Mwah..အောက်မှာစောင့်နေ ကျွန်တော်ရေချိုးပြီး ဆင်းခဲ့မယ်"

Xiao Zhanက Yiboဆံပင်လေးတွေကို အသည်းယားစွာ ဖွကာခေါင်းညိမ့်ပြီးထွက်သွားသည်..ထွက်သွားတော့မှYiboမှာ အားယူထကာ ရေချိုးခန်းကို တစ်လှမ်းချင်း သွားလိုက်ရသည်
......

Choice Dove le storie prendono vita. Scoprilo ora