hurt
513 48 3
ခုမှ နားလည်တယ်။
ဟန်ကွမ်းကျွင်းပြောတဲ့
သူကို ဘယ်သူမှ မမြင်အောင် တိမ်လွှာနန်းမြိုင်မှာ ခေါ်ပြီး ဖွက်ထားချင်တယ်ဆိုတဲ့ ခံစားချက်ကိုလေ ..။
ခင်ဗျားဆိုတဲ့ ဖြစ်တည်မူက အများဆိုင် နာမ်
ဒါမှ မဟုတ် ကျွန်တော် မဟုတ်တဲ့ တစ်စုံတစ်ယောက်အတွက် တစ်ဦးပိုင်နာမ်။
အရာရာမှာ နောက်ကျလွန်းတဲ့ ကျွန်တော်က
အခုလဲ ကျန်နေရစ်ခဲ့ရအုံးမှာပါ..။
တခါတလေလဲပျော့ညံလွန်းတဲ့
ကျွန်တော့်ကို ကျွန်တော် မုန်းတယ်..။
ကျွန်တော် မြတ်နိုးတဲ့အရာကို
အခြားသူလက်ထဲ အလွယ်တကူထည့်ပေးလိုက်ရမျိးကို
ကျွန်တော် မလုပ်ချင်ဘူး။
ဘဝမှာ တစ်ခါလောက်တော့
ရူးရူးမိုက်မိုက်နဲ့ စိတ်ထဲရှိတဲ့အတိုင်း
လုပ်ဆောင်ပြစ်လိုက်ချင်တယ်...။
ဒါပေမယ့်...ကျွန်တော်လုပ်ဖြစ်မယ်မထင်ပါဘူး။
ကျွန်တော်သိပ်ချစ်ရတဲ့ ခင်ဗျားက
ကျွန်တော့ကို အားနာပြီး
စိတ်ကျဉ်းကျပ်အနေခက်နေလိမ့်မယ်၊
ပြီးတော့ ခင်ဗျားသိပ်ချစ်တဲ့သူလဲ စိတ်အနှောက်ယှက်ဖြစ်လိမ့်မယ်လေ...
ကျွန်တော့ရဲ့ ခံစားမူ နာကျင်မူတွေကတော့
Only me နဲ့ပဲ ဖော်ပြဖြစ်မယ်..။
ခင်ဗျား မြင်နိုင်ဖို့ မမျှော်လင့်ပါဘူး..။
အချစ်ဆိုတာက ချစ်နေဖို့ပဲ
ခင်ဗျား နာကျင်ရတဲ့အခါ
ခင်ဗျား ပင်ပန်းလာတဲ့အခါ
စကားပြောဖော် တစ်စုံတစ်ယောက်ကိုလိုလာတဲ့အခါ
ကျွန်တော့ကို မမေ့ပါနဲ့
ကျွန်တော် ခင်ဗျားနဲ့ အနီးဆုံးနေရာမှာ ရှိနေပါတယ်..။💜
ခုမှ နားလည်​တယ်​။
ဘဝမှာ တစ်​ခါ​လောက်​​တော့
Dear AuthorWhere stories live. Discover now