part. 10

33.4K 2.5K 35
                                    

ရီပေါ်က သာသာယာယာနဲ့ ကျောင်းကိုထွက်လာခဲ့တယ် ။ မနေ့ညကရှောင်ကျန့်နဲ့ အရမ်းအဆင်ပြေခဲ့တယ်မဟုတ်လား ? ။ ကျောင်းရောက်တော့ ပိုင်ချင်းကိုမြင်လိုက်ရတာကြောင့် သူ့မျက်နှာထက်မှာ အပြုံးတွေဖြစ်ပေါ်လာတယ် ။

" ပိုင်ပိုင် မင်း ကိုယ့်ကို လာတွေ့တာလား? ''

" အင်း မနက်ဖြန်က ငါရဲ့မင်္ဂလာဆောင်လေ ။ ငါ နင့်ကိုလာစေချင်တယ် ''

"........''

" နင်လာမယ်မလား ရီပေါ်? ''

".........''

" ရီပေါ်? "

" လာခဲ့မယ် ။ ''

" ဒါဆိုငါပြန်ပြီနော် ။ မနက်ဖြန် ငါ့မင်္ဂလာဆောင်မှာ နင့်ကိုတွေ့ချင်တယ် ''

" အင်းပါ ။ ငါသေချာပေါက်လာခဲ့မယ် ။''

သူ့ကိုကျောပေးကာ ထွက်သွားတဲ့သူမကို ရီပေါ်က ​ငေးကြည့်နေမိသည် ။ သူစိတ်ထဲ တစ်မျိုးတစ်မည်ခံစားနေရတယ် ။ ဒါကဘယ်လိုခံစားမှု့မျိုးလဲဆိုတာတော့ သူနားမလည် ။

ရီပေါ်က အတန်းမတက်တော့ပဲ ဆိုက်ကယ်တစ်စီးနဲ့ ​လျှောက်သွားနေလိုက်တော့တယ် ။ မနက်ဖြန်အတွက် သူအားမွေးထားရအုံးမှာပဲ ။ သူမကို သူမပိုင်ဆိုင်ရတော့ဘူး ။ တခြားတစ်ယောက်က ပိုင်ဆိုင်သွားပြီလေ ။ အဲ့တာကရှောင်ကျန့်ဆိုတဲ့လူကြောင့် !! အဲ့ဒီလူဝင်ရှုပ်လို့ဖြစ်ရတာ ။

ရီပေါ်က စိတ်ပေါက်ပေါက်နဲ့ အိမ်ကိုပဲပြန်လာခဲ့တယ် ။ ဒီနေ့ကျမှအိမ်ကြီးက ပိုတိတ်ဆိတ်နေသလိုပဲ ။ အိမ်ကိုရောက်တော့ ဘာရယ်မဟုတ်ဘူး ​လျှောက်ပတ်ကြည့်နေမိသည် ။ အိမ်ကအတော်ကြီးတယ်လို့ဆိုလို့ရတယ် ။ ​ရှောင်ကျန့်ကို တမင်နှိပ်စက်ချင်တာမို့ အလုပ်သမားတွေအားလုံးကိုလည်း အလုပ်ထုတ်ပစ်ခဲ့တယ် ။

အဲ့ဒီအခါကျမှရှောင်ကျန့်က အိမ်မှု့ကိစ္စတွေအားလုံးလုပ်ရပြီးပင်ပန်းမှာ ။ ​ရှောင်ကျန့်ရဲ့မိဘတွေက သဘောမကျပေမဲ့ ရှောင်ကျန့်က အတင်းတောင်းဆိုတာမို့ လက်ခံခဲ့ရတယ် ။ ​သော့ခတ်ထားတဲ့ အခန်းတစ်ခန်းရှေ့ရောက်တော့ သူ့​ခြေလှမ်းတွေရပ်သွားတယ် ။ ဒီအထဲမှာဘာတွေရှိလဲဆိုတာ သူအရမ်းသိချင်နေပေမဲ့ သူနဲ့မဆိုင်တဲ့ကိစ္စဆိုပြီးလစ်လျူရှုခဲ့တယ် ။

Still Love You [ Completed ]Where stories live. Discover now