part. 18

33.7K 2.4K 48
                                    

ရုံးစရောက်တည်းက နာရီတကြည့်ကြည့်ဖြစ်နေတဲ့ သူဌေးဖြစ်သူကြောင့် အတွင်းရေးမှုးလေးခမျာ သိချင်စိတ်ကိုထိန်းမထားနိုင်တော့တဲ့အတွက် ​မေးလိုက်ရတော့သည် ။

" ဆရာ.... ဆရာမှာ အရေးကြီးကိစ္စတွေများရှိနေလို့လား ? ''

" မရှိဘူး ။ ဘာလို့လဲ? ''

" မဟုတ်ပါဘူး ။ ဆရာက နာရီခဏခဏကြည့်နေလို့ မေးကြည့်တာပါ ။ ''

" လုပ်စရာရှိတာသွားလုပ် ။ စပ်မစုနဲ့ ''

" ဟုတ်ကဲ့ ။ ''

စပ်စုချင်တဲ့အတွင်းရေးမှူးလေးက သူသိချင်တာကိုမသိလိုက်ရတာကြောင့် မျက်နှာလေးကရှုံ့မဲ့သွားတော့တယ် ။

ဝမ်ရီပေါ်က ရုံးကိုစရောက်တည်းက အချိန်တွေမြန်မြန်ကုန်ဖို့ ဆုတောင်းနေမိတယ် ။ အိမ်မှာကျန်ခဲ့တဲ့ကိုကို့ကို သူအရမ်းလွမ်းနေပြီ ။ ​တွေ့ချင်လွန်းလို့လည်းရူးမတက်ပဲ ။ အလုပ်မသွားချင်တာမို့ ကိုကိုကိုပူဆာမိပေမဲ့လည်း စည်းကမ်းရှိတဲ့ကိုကိုက သူ့ကို အတင်သွားခိုင်းတယ် ။ သူက ကိုကိုဘေးနားက​နေ ဘယ်မှမသွားချင်ပါဘူးဆို ။ အဲ့ဒီကိုကိုကတော့လေ ။ သေချာနေပြန်ကောင်းလာရင် အိပ်ယာပေါ်မှာ ကောင်းကောင်းကြီးကို အပြစ်ပေးပစ်မယ် ။

နေလည်စာစားတဲ့အချိန်ရောက်တဲ့အထိ သူဗိုက်ကဆာမလာသေးပေ ။ အဲ့တာကြောင့်မို့ ကိုကိုအိပ်ပျော်နေတုန်းက ခိုးရိုက်ထားတဲ့ဓါတ်ပုံလေးတွေကိုသာ တစိမ့်စိမ့်ထိုင်ကြည့်ပြီး ပြုံးနေမိတယ် ။ ယောကျာ်းလည်းပီသပြီး သိပ်လည်းလှတဲ့ သူရဲ့ကိုကို ။ အား !! ရုံးမဆင်းသေးဘူးလား ? ။ အချိန်တွေကဘာလို့ ဒီလောက်တောင်ကြာနေရတာလဲ? ။

" ပါးပါး... ပါးပါး... ''

" ​ရှောင်ရီလေးက ဘာပြောစရာရှိလို့ ပါးပါးကို အဲ့ဒီလောက်တောင်ခေါ်နေတာလဲ ? ''

" ပါးပါး သားတို့ ဖေဖေစီကို ​နေ့လည်စာသွားပို့ရအောင်လေ ''

" သားကလည်းကွာ သားဖေဖေက အလုပ်ရှုပ်နေမှာပေါ့ ''

" ရဘူး သွားပို့ရအောင် ။ နော်..နော်လို့... ပါးပါး ''

ရှောင်ကျန့်က နှုတ်ခမ်းလေးဆူပြီး သူ့ကိုကပ်ချွဲနေတဲ့ သားလေးရဲ့ပါးဖောင်းဖောင်းလေးကို ဖျစ်ညစ်လိုက်ပြီး စကားဆိုလိုက်တယ် ။

Still Love You [ Completed ]Where stories live. Discover now