19

1.3K 162 45
                                    

Zawgyi

ကိုယ်​က ''အလွမ်းသည်​'' ပါ ချစ်​သူ

ဒီပြဇာတ်​က အလွမ်းပြဇာတ်​ ဖြစ်​​စေအုံး​တော့

ကိုယ်​ ကပြရအုံးမှာပဲ​လေ

သိချင်​တာ တစ်​ခုက

ဒါရိုက်​တာက ဘယ်​သူများလဲချစ်​သူ။

---------------------------------------------------------

"ဟင့်​အင်း!...မဟုတ်​ဘူး!!....''

"မထားခဲ့ပါနဲ့!!....."

ခပ်​ကျယ်​ကျယ် ​​အော်​သံ​​တွေ​ကြောင့်​ Jung Kook လန့်​နိုးသွားခဲ့သည်​။

ဒီအချိန်​ကြီး ဘယ်​သူကများ။

အိပ်​ချင်​မူးတူးနှင့်​ မျက်​လုံး​တွေပွတ်​ရင်း ​ရေ​သောက်​ရန်​ထွက်​လာ​တော့ ဧည့်​ခန်းမှာ ချည်​ထိုင်​ထိုး​နေတဲ့ဘွားဘွား။

"ဘွားဘွား ဘယ်​အချိန်​ရှိပြီလဲ မအိပ်​​သေးဘူးလား.......''

"​မြေးနိုးလာတာနဲ့အ​တော်​ပဲ......​ဘေးခန်းက​ကောင်း​လေးကို သွားကြည့်​​ပေးပါအုံး.....ခုဏက သူ့အခန်းထဲက အသံ​တွေကြားလို့......''

ဘွားက ချည်​ထိုးလက်​စကို ရပ်​ကာ မျက်​မှန်​ချွတ်​ရင်း​ပြောလာ​တော့ Jung Kook လည်း ထိုအခန်းဘက်​ကို ​ခေါင်း​လေး​စောင်းကာ ငှဲ့ကြည့်​မိသည်​။

ဒါဆို ခုဏက သူကြားလိုက်​ရတာ အဲ့ဒီ​ဘေးအခန်းက​ပေါ့။

ဘာ​တွေများဖြစ်​လို့ပါလိမ့်​။

"သားလည်းခုဏကကြားလိုက်​တယ်​ သားသွားကြည့်​လိုက်​မယ်​​လေဖွား.....ဖွားအိပ်​​တော့​လေ......''

Jung Kook လည်း ​ရေ​သောက်​ပြီးတာနှင့်​ ထိုလူ့ အခန်းထဲဝင်​ခဲ့လိုက်​သည်​။

အခန်းတစ်​ခုလုံက ​မှောင်​မဲ​နေ​ပေမယ့်​ ​ဘေးကစားပွဲခုံမှာ​တော့ ညအိပ်​မီးမှိန်​မှိန်​​လေးကို ထွန်းထားတာကို ​တွေရသည်​။

ဟိုလူကြီးက​တော့ အိပ်​ယာထက်​မှာ ​စောင်​ကို ခပ်​တင်းတင်း ဆုပ်​ကိုင်​ထားလျှက်​.....

"Jeon!!...."

ကြားလိုက်​ရတာက ထိုလူနှုတ်​ဖျားမှ ထွက်​​ပေါ်လာတဲ့ အသံတစ်​ခု။

Kiss of EdenWhere stories live. Discover now