Part 10

2.4K 134 3
                                    


ဆေးခန်းပြပြီးသည်နှင့် yiboကို Donut စားရန် xiao zhan ခေါ်လာလေသည်။

"ကလေး.........များများစားနော် အားရှိအောင်!ကလေးက နေမကောင်းထားတော့ အားနည်းနေမှာစိုးလို့"

"ဘာတွေလာစိတ်ပူနေတာလဲဗျ......ယောကျာ်းလေးဆိုတာ ခံနိုင်ရည်ရှိပါတယ်ဗျ"

"ဟုတ်လား...ကလေးက သန်မာတယ်ပေါ့"

"အင်း......"

"ဒါနဲ့လေ Ge ပြောစရာရှိတယ်......Singapore ကရုံးခွဲသစ်မှာ Ge တစ်လလောက် ရုံးသွားထိုင်ပေးရမယ်"

"ဟင်........." ရုတ်တရက်ကြီး အဝေးသွားမယ့်အကြောင်း yiboကြားလိုက်ရတော့ စိတ်ထဲဝမ်းနည်းသွားသလိုလို ငိုချင်လာသလိုလို ဖြစ်လာသည်။ဒီလိုခံစားချက်မျိုးက yibo ဖေဖေ နိုင်ငံခြားထွက်သွားပြီး အလုပ်သွားလုပ်မယ်ပြောသွားတုန်းက ခံစားချက်မျိုးပင်။yibo ငယ်ငယ်လေးတည်းက ပါးပါး က အဝေးမှာ အလုပ်သွားလုပ်နေသူ တစ်နှစ်မှ တစ်ခါလောက်သာပြန်လာနိုင်သူဖြစ်လေသည်။ခုတော့ သံယောဇဉ်လေးတွယ်ခါစမှာ ဒီလူကြီးက ခွဲသွားဦးမှာဆိုတော့ တွေးနေရင်း မျက်ရည်လေးတွေ ဝဲလာလေသည်။

"ကလေး......ဘာလို့ငြိမ်သွားတာလဲ!မုန့်တွေလည်း မစားတော့ပါလား"

ခေါင်းကို အတင်းငုံ့ကာ မျက်နှာမဖော်တော့သော ဒီကလေးကြောင့် xiao zhan စိတ်ပူလာပြန်သည်။yibo အနားသွားထိုင်ကာ မျက်နှာလေးကို ယူမော့ကြည့်မိလိုက်တော့ မျက်ရည်တွေဝဲနေတဲ့ မျက်ဝန်းလေး......

"ဟမ်.........ကလေး ကလေး ငိုနေတာလား!ဘာဖြစ်လို့လဲ Ge သွားရမှာကြောင့်လား"

"မဟုတ်ပါဘူး မျက်လုံးထဲ အမှုန်ဝင်သွားလို့ပါ......"

"ဟုတ်လား......ဒါဆို Ge မျက်လုံးသက်သာအောင် မှုတ်ပေးမယ်နော်" yibo မျက်ဝန်းလေးတွေဆီသို့ xiao zhan လေအေးအေးလေးမှုတ်ပေးနေမိတော့သည်။

အာ......ဒီလူကြီးကတော့ ငါ့ကို ငိုအောင်လာလုပ်နေတော့တာဘဲ!သူက ကြင်နာလေ ငါ့စိတ်တွေ ဘာဖြစ်နေလဲတောင် မသိတော့ဘူး!ငါကရော သူသွားမှာ ဘာလို့ဝမ်းနည်းနေရတာလဲ!ငါ သူ့ကိုစိတ်ဝင်စားနေတာများလား!ချောမောလွန်းလှသည့် zhan ge မျက်နှာလေးကို ငေးနေရင်း အတွေးတွေက အမျိုးစုံနေသော yiboလေး!သူငေးနေမှန်းသိတော့ ပြုံးပြလာသည့် zhan geအပြုံးလေးက ချိုမြိန်လိုက်တာ ယောကျာ်းအချင်းချင်းတောင် ငေးယူနေရသည့် အပြုံးချိုချိုလေး တစ်ခြားကောင်မလေးတွေဆို ဘယ်လိုနေမလဲမသိ တွေးရင်း အဲ့အပြုံးလေးကို yibo သဝန်တိုမိသေး.........

A Lover's Complaint (Unicode)Donde viven las historias. Descúbrelo ahora