Part 21

2.1K 105 0
                                    

ဒီနေ့မနက် yiboအစောကြီးတည်းက နိုးနေသော်လည်း ကျောင်းပိတ်ရက်ဖြစ်နေတာနဲ့ အိပ်ရာမထသေးဘဲပြန်အိပ်နေသည်။ဘယ်လောက်ကြာအောင် အိပ်ပျော်သွားသည်မသိ yiboနှာခေါင်းထဲ ရေမွှေးနံ့သင်းသင်းလေး ဝင်လာသည်။yiboလည်း အိပ်ချင်မူးတူးနဲ့ မျက်လုံးဖွင့်အကြည့် ပြုံးပြီးကြည့်နေသော zhan ge......အိပ်မက်များမက်နေတာလားဆိုပြီး မျက်လုံးတွေပွတ်ပြီးကြည့်သော်လည်း ပုံရိပ်လေးက ပျောက်မသွားပေ.........

ဒီနေ့မနက် yiboအစောကြီးတည်းက နိုးနေသော်လည်း ကျောင်းပိတ်ရက်ဖြစ်နေတာနဲ့ အိပ်ရာမထသေးဘဲပြန်အိပ်နေသည်။ဘယ်လောက်ကြာအောင် အိပ်ပျော်သွားသည်မသိ yiboနှာခေါင်းထဲ ရေမွှေးနံ့သင်းသင်းလေး ဝင်လာသည်။yiboလည်း အိပ်ချင်မူးတူးနဲ့ မျက်လုံးဖွင့်အကြည့် ပြုံးပြီးကြည့်နေသော z...

"

နိုးပြီလား ကလေးအိပ်ပုတ်လေး......" yibo ရုတ်တရက်စကားမပြန်နိုင်သေး!ဟုတ်တယ်လေ ဒီလိုအချိန်ကြီး zhan ge က သူ့ဆီဘာလာလုပ်မှာလဲ!!
yiboအိပ်ရာမှ ကမန်းကတန်းထထိုင်လိုက်လေသည်။

"Zhan ge က ဒီအချိန်ကြီး ဘာလာလုပ်တာလဲ......အလုပ်မသွားဘူးလား"

"အင်း သွားတော့သွားရမှာ......ဒါပေမဲ့ မနေ့ကစိတ်မကောင်းဖြစ်ပြီးပြန်သွားတဲ့ ကလေးကိုအရင်လာချော့တာ......"

"ဟာ......ကျွန်တော် ဘာမှမဖြစ်ပါဘူး!zhan ge အဆင်ပြေသလိုသာနေပါ" yibo ပြောသာပြောလိုက်ရတာ ရင်ထဲမှာတော့ ခုထိနာကျင်နေတုန်း......

"ဒါဆို ကလေးအိပ်ရာထတော့......Ge ဒီနေ့ ကလေးကျောင်းပိတ်ရက်ဆိုတော့ မနက်စာတူတူစားပေးမယ်!ပြီးရင်ကလေးဘယ်သွားချင်လဲ လိုက်ပို့ပေးမယ်......"

zhan ge ရေ......လူကို အသေသတ်နေတာလားဟ!ဒဏ်ရာပေးလိုက် ဆေးပေးလိုက်နဲ့!ဒီနေ့ကရော ဘာလဲ အတူတူ dateချင်နေတာလား......yiboမှာ ရင်ဘဲခုန်ရမလိုလို ပျော်ဘဲပျော်ရမလိုလိုနဲ့ ခံစားချက်တွေက ဗြောင်းဆန်နေပြီ!

"Zhan ge တကယ်ပြောတာလား......ကစားကွင်းသွားချင်တယ်!"

"ဟမ်......ကလေးလို့ မပြောရဘူး ကစားကွင်းတဲ့လား"

"ကစားကွင်းသွားတာဘဲ ကလေး/လူကြီးခွဲရဦးမှာလား zhan ge"

"ဟားဟား......ဟုတ်ပါပြီဗျာ!သွားသွား ရေသွားချိုးတော့ အိပ်ပုတ်ကလေး"

ရယ်ပြန်ပြီ!အဲ့လိုရယ်နေရင် yiboအရမ်းအသည်းယားတာဘဲ!သွားဖြူဖြူလေးတွေကြား ယုန်သွားလေးနှစ်ချောင်းက ထင်းနေတာဘဲ!အတွေးတွေရပ်တော့ yiboရေ......ရေသွားချိုးသင့်ပြီ!

ကစားကွင်းတော့ရောက်ပါပြီ......အရုပ်ကောက်လိုက် မုန့်စားလိုက် သူကစားချင်တာတွေ့ရင် ဝင်ကစားလိုက်နဲ့ yiboတစ်ယောက်တော့ အပျော်ကြီးပျော်နေလေသည်။သူ့ zhan geကတော့ သူဘာလုပ်လုပ်ပြုံးပြုံးလေးသာကြည့်နေလေသည်။ခပ်ချောချောကောင်လေးနှစ်ယောက်တွဲလာသည်မို့ ကောင်မလေးတိုင်းရဲ့ မျက်လုံံးကလည်း ကိုယ်တွေဆီမှ မခွာတော့!ဟွန်း......ငါ့ကိုကိုကိုကြည့်နေလိုက်ကြတာ မျက်လုံးတွေကျွတ်ထွက်လောက်တယ်.........

တစ်နေရာအရောက် xiao zhanဆီမှ စကားသံထွက်လာလေသည်။

"Di.........Rollar coaster စီးရအောင်!Ge လည်း relaxဖြစ်ချင်တယ်"

အောင်မလေး......ငါတော့ နားကားပါပြီ!မစီးရဲပါဘူးလို့ ပြောရင်လည်း ယောကျာ်းလေးဖြစ်ပြီးကြောက်တတ်တယ်ထင်ဦးမယ်!ငါကလည်း rollar coasterဆိုအသေကြောက်!သြော်......ဘာဖြစ်လဲ zhan geပါတာဘဲ!yibo စိတ်ကို ရဲဆေးတင်လိုက်ကာ......

"စီးလေ......zhan ge!သွားစီးကြတာပေါ့" နှစ်ယောက်သား rollar coaster စီးရန် ထွက်လာကြသည်။

Rollar coaster လည်းအပေါ်အရောက်......တစ်ချိန်လုံးငြိမ်နေသော yiboထံမှ အော်သံပြဲကြီးထွက်လာပါပြီ.........


Rollar coaster လည်းအပေါ်အရောက်......တစ်ချိန်လုံးငြိမ်နေသော yiboထံမှ အော်သံပြဲကြီးထွက်လာပါပြီ.........

"အား......မားရေ!သား မစီးရဲဘူး ပြန်ချပေး ပြန်ချပေး zhan ge ကြောင့် မား ရေ သားကို လာခေါ်ပါ" 'xiao zhan လက်ကို အတင်းဖက်ထားပြီး အော်နေလေပြီ!

yibo ကြောက်နေတာကြည့်ပြီး ချစ်စရာလည်းကောင်းသလို ရယ်စရာလည်း ကောင်းနေပေမဲ့ xiao zhan မရယ်ရဲဘူး တော်ကြာ စူပုတ်လေးက ထပ်ကောက်သွားရင် အပြစ်နှစ်ခုဖြစ်တော့မှာလေ......

"မကြောက်နဲ့ကလေး......Ge ရှိတယ်နော်!ခဏဘဲ စီးရမှာ ခဏနေအောက်ရောက်တော့မှာ"

မရတော့ပါဘူး yiboတစ်ယောက် ကြောက်ပြီးအသားကုန်တွေအော်နေပါပြီ!!

မရတော့ပါဘူး yiboတစ်ယောက် ကြောက်ပြီးအသားကုန်တွေအော်နေပါပြီ!!

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
A Lover's Complaint (Unicode)Where stories live. Discover now