Lock-8(U/Z)

3.3K 302 28
                                    

Unicode//

မနက်ငါးနာရီဆိုတာ စောသေးတဲ့အချိန်မဟုတ်ဘူး။ဒါလူတစ်ယောက်ပုံမှန်ထချိန်လို့ဘဲ ရှောင်းကျန့် ထင်တယ်။
ပြိုင်ပွဲနီးပြီမို့..မနက်စောစောလမ်း
လျှောက်ထွက်ဖို့ ခေါ်တာကို အဲ့ကလေး
ဂျစ်ကန်ကန်နဲ့ ...မျက်လုံးနှစ်လုံးကပွင့်
မလာဘူး။

ရှောင်းကျန့် စောင်ထဲမှာ လုံးထွေးပေကပ်နေတဲ့ ရိပေါ်ကို ဒူးနဲ့နာနာဆောင့်ပစ်လိုက်တယ်။ လှုပ်ရွလှုပ်ရွနဲ့..စောင်ပုံထဲကနေ မျက်လုံးဖော်ပြီး ကြည့်လာတဲ့ ထိုကလေး။

"ခင်ဗျားက ရှေးဘိုးဘိုးကြီးလား"

အိပ်ပုံဇ၀ါး စကားသံတွေက ဗ လုံးဗထွေး။ရှောင်းကျန့် အနွေးထည်ခပ်ပါးပါးတစ်ထည် ကို ကောက်စွတ်လိုက်ပီး
ဇစ်ဆွဲလိုက်တယ်။

"မင်းကသာ အကျင့်ပျက်နေတာ..နေဖင်ထိုးမှထတယ်ဆိုတာ ငပျင်းတွေအလုပ်...ပီးတော့ မင်းအိပ်နေတဲ့ပုံကိုကြည့်....လူပျင်းတွေဘဲ ကျောခင်းအိပ်တာ"

ရှောင်းကျန့် ပြောပြောဆိုဆို နဲ့ ခုတင်ဘေးက စားပွဲ ပေါ်က နားကြပ်လေးကို ကောက်ဆွဲပြီး ရိပေါ်ကို ကျောပေးလိုက်တယ်။ ရုတ်ချည်းချက်ချင်း သူ့ကိုယ်က ခုတင်ပေါ်ကို ထိုင်လျက်သားပုံကျသွားတယ်။

ခါးတွေကို ထပ် ဖက်ပြန်ပြီ။သူ့ခါးတွေက ဒီကလေး လက်ထဲရောက်ရင် ဘယ်လောက်ရုန်းရုန်းမရတော့ဘူး။

"ပြန်အိပ်ရအောင်"

နောက်ကျောကနေ ခါးတစ်ဝိုက်ကို ခေါင်းတွေနဲ့ အတင်းတိုးဝေ့နေတာ..။
မ ယားတတ်တဲ့ သူတောင် တွန့်ကွေးကွေး။လမ်းမလျှောက်ရသေးဘဲ ချွေးပျံလာတယ်။သူ လက်တွေကို အတင်းဖြုတ်ရင်း မနက်စောစောစီးစီး လုံးထွေးသတ်ပုတ်ရပြန်ရော့။

မနက်စောစော ရန်လို၊ ရန်စ၊ရန်များတာတွေ ရှောင်မယ်!!!!!

မ ကြာပါ...၊ထိုအတွေးတွေက သူ့ခန္ဓာကိုယ်ကို တစ်စုံတစ်ခုတက်ဖိ ထားတဲ့ အ ရှိန်ကြောင့် လွှင့်စင်ကုန်တယ်။
သူ့အပေါ်ကနေ လျင်လျင်မြန်မြန်နေရာယူ ပီး ထိုကလေးက ခြေတွေလက်တွေအနားမပေးဘဲ သူ့ကို ချုပ်ထားတာ။

ဒါဘယ်လိုအခြေအနေကြီးလဲ!!!!!!

တိုင်ကပ်နာရီကို ငှဲ့ကြည့်လိုက်တော့ ငါးခွဲ။ တစ်မနက်ခင်းလုံး ဒီလို အချိန်ကုန်သွားလို့မဖြစ်။ ရှောင်းကျန့် ရုန်းကန်ဖို့
အစပြုလိုက်တော့.....။

Breaking Faith//Yizhan//Z-UWhere stories live. Discover now